Main menu

Background

ပဲစင်းငုံ တင်ပို့မှု ယခင်သီတင်းပတ်များထက် ပိုမိုလာ

Mon, 02/27/2012 - 05:00 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမို လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၁၂၆၀၀၀ ကျော် အထိ တင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁၃-၁၇) မှာလည်း တန်ချိန် ၁၄၀၀၀ နီးပါးအထိ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့ ပဲတွေထဲမှာ ပဲစင်းငုံ အဟောင်း ပမာဏပိုများမယ်လို့ ကုန်သည်ကြီးတစ်ဦးက ခန့်မှန်းထားပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ပဲစင်းငုံစုစုပေါင်းတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၅၃၈၀၀၀ ကျော်ပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၃၇ သန်း ကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူက တန်ချိန် ၄၂၄၀၀၀ ကျော် တင်ပို့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၄၂၀ ကျော်ရရှိလို့ ယခုနှစ်တင်ပို့တဲ့ ပမာဏမှာ တန်ချိန် တစ်သိန်းကျော် ပိုမိုတင်ပို့ပြီးကြောင်း သိရပါတယ်။MIRT - MAPT