ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု သိသိသာသာ လျော့နည်းတာ တွေ့ရ ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၉၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ ပေမဲ့ ယခုသီတင်းပတ်(ဖေဖော်ဝါရီ ၁၇-၂၃ ရက်)အတွင်းမှာတန်ချိန် ၅၂၀၀ ကျော် သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယဝယ်လက်များ ပဲစင်းငုံကို ဝယ်ယူမှုအေးသွားတဲ့ အတွက် အရောင်းအဝယ် ဖြစ်မှုနည်းပြီး FOB ဈေးလည်းငြိမ်နေတာ တွေ့ရပါ တယ်။ ဒါပေမဲ့ လာမယ့်ရက်တွေမှာတော့ အဝယ်ပြန်လိုက် လာနိုင်မယ်လို့ ခန့်မှန်း ကြ ပါ တယ်။ ဖေဖော်ဝါရီ ၂၄ ရက် ရန်ကုန် FOB ဈေးမှာ ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၁၀-၆၃၀၊ ဖြူနီနဲ့ အဖြူမှာ ကန်ဒေါ်လာ ၄၉၀-၅၁၀ နဲ့ ပဲစင်းငုံနီ (အဟောင်း) ဈေးမှာ ကန်ဒေါ်လာ ၅၇၅-၅၉၅ အသီးသီး ဈေးငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT
Background