၂၀၁၂ ခုနှစ် အတွင်းအာဖရိကနိုင်ငံတွေမှ အိန္ဒိယကို ပဲမျိုးစုံတင်ပို့မှုက ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ဝန်းကျင်မြင့်မားနိုင်တယ်လို့ ခန့်မှန်းကြတယ်။ အဓိကမှာ လာမယ့်နှစ်အနည်းငယ်မှာ အာဖရိကက အိန္ဒိယကို ပဲစင်းငုံတင်ပို့မှု အများဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံမွန်ဘိုင်းမှ ပဲလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်။ အိန္ဒိယက အရှေ့အာဖရိကနိုင်ငံတွေဖြစ်တဲ့ တန်ဇန်းနီးယား ၊ မာလာဝီနဲ့ ကင်ညာနိုင်ငံတွေမှ ပဲစင်းငုံနဲ့ ကုလားပဲ ကိုအများဆုံးဝယ်ယူ တင်သွင်း လျက်ရှိတယ်။ အာဖရိကနိုင်ငံတွေမှလည်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ်တိုး တက်နေရာ လာမယ့်နှစ်အနည်းငယ်မှာ အိန္ဒိယကို ပဲစင်းငုံတင်ပို့မှုအများဆုံးနိုင်ငံ တွေ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းကြတယ်။ ၂၀၁၁ ခုနှစ်အတွင်း အာဖရိကရဲ့ ပဲမျိုးစုံတင်ပို့မှုတန်ချိန်မှာ ၃၅၀၀၀၀ ဖြစ်ရာ တန်ချိန် ၁၉၀၀၀၀ နီးပါးမှာ ပဲစင်းငုံဖြစ်ကြောင်း သိရတယ်။ မတ်လမှာ ကုန်ဆုံးမယ့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ အိန္ဒိယရဲ့ ပဲမျိုးစုံတင်သွင်းမှုက ယခင်ဘဏ္ဍနှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန်စုစုပေါင်း ၂ ဒသမ ၈ သန်း တင် သွင်း နိုင်ဖွယ်ရှိတယ်လို့ အိန္ဒိယနိုင်ငံစားသုံးသူရေးရာ ဒုတိယဝန်ကြီးက ပြောကြား ပါတယ်။ ပပ၊Source:af.reuters.com
Background