Main menu

Background

အဝင်လှိုင်အရောင်းသွက်တဲ့ ကယားပဲစင်းငုံဈေးကွက်

Mon, 02/27/2012 - 05:04 -- Anonymous (not verified)

ဒီတစ်ပတ်အတွင်း လွိုင်ကော်ဈေးကွက်ကို ပဲစင်းငုံသစ်တွေ လှိုင်လှိုင်ကြီး ဝင်လာနေတာတွေ့ရပါတယ်။ အခုလိုအဝင်လှိုင်ပေမဲ့ ဈေးကလည်းစွာနေဆဲပါ။ အဖြူလုံးကြီး တစ်ပိဿာကို ၅၃၀ ကျပ်နဲ့ အနီတစ်ပိဿာကို ၆၇၀ ကျပ်အထိ ပွဲရုံဝယ်ဈေးရှိနေတာကြောင့် ယခင်အပတ်ကထက် ဈေးမာလာတာတွေ့ရပါတယ်။ ပဲစင်းငုံ ဝင်ရောက်မှုအနေနဲ့ တစ်ရက်ကို ပိဿာ ၃၀ ဝင် အိတ် ၈၀၀ နဲ့ ၁၀၀၀ ကြားရှိနေပြီး တင်ပို့နိုင်မှုအနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ ရန်ကုန်၊ မန္တလေးမြို့တွေကို ပဲစင်းငုံ ၅၆၈၅အိတ်တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။မင်းအောင်