Main menu

Background

ပဲလွန်းဖြူ ဈေးကွက်ရာသီဖြစ်လို့ တင်ပို့မှုရော အရောင်းအဝယ်ပါ သွက်လာ

Mon, 02/27/2012 - 05:05 -- Anonymous (not verified)

    ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ တွေ ဝင်ရောက်လာနေပြီဖြစ်ပြီး နိုင်ငံ စုံက အဝယ်ရှိလို့ ပြည်ပတင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု များလာတာ တွေ့ ရပါတယ်။ ယခုတစ်ပတ် (ဖေဖော် ဝါရီလ ၁၃-၁၇)အတွင်း အိန္ဒိယ၊ အင်ဒို နီးရှား၊ ကိုရီးယား၊ မလေးရှား၊ နယ်သာ လန်၊ ပါကစ္စတန်၊ စင်ကာပူ၊ ယူအေအီး နဲ့ ဗီယက်နမ်တို့ကို စုစုပေါင်း တန်ချိန် ၉၂၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ  ၁၇ရက်အထိပဲလွန်းဖြူစုစုပေါင်း ပြည်ပ တင်ပို့မှုဟာ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီ ဖြစ်ပြီး ယခင်နှစ် ကာလတူက တန်ချိန် ၂၀၀၀၀ နီးပါးတင်ပို့ခဲ့ကြောင်း သိရပါ တယ်။    ရန်ကုန် FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဖေဖော် ဝါရီလ၁၇ ရက်မှ ၂၃ ရက်အထိ ပဲလွန်း ဖြူ စုစုပေါင်း တန် ၂၀၀၀ ခန့် အရောင်း အဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း အရောင်းအဝယ်အားကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ SQ တစ်တန် ကန်ဒေါ် လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါ တယ်။               MIRT - MAPT