မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၈၈၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၆၃ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန်ခွဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်းလုံးပြည့်တင်ပို့မှု တန် ၉၀ ပိုမိုခဲ့သော်လည်း ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုမှာမူ ၇၃ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှလည်း ကန်ဒေါ်လာသုညဒသမ ၀၃၇ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၅၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ ရွှေလီမြေပြင်ပေါက်ဈေးများမှာ ယခင်အပတ်ကထက် မြင့်တက်လျက်ရှိပါတယ်။ ယခုအပတ်မြေပြင် ပေါက်ဈေးများကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၉၉၅၇၇ ၅၇၀၈၁၅ ၂၈၇၆၂ ၅ ၈၂၅ ၈၁၀ ၁၅ ၂ MIRT (DOBT)
Background