ပါကစ္စတန်နိုင်ငံ အများပြည်သူ စတိုးဆိုင်များ၊ ကော်ပိုရေးရှင်းဆိုင်ခွဲများမှာ ပဲမျိုးစုံအထူးသဖြင့် ကုလားပဲ ရောင်းချမှု လျော့ကျခြင်းကို ဖြည့်ဆည်းဖို့ မတ်လ ၆ ရက်မှာ ပဲမျိုးစုံ ဝယ်ယူရေး တင်ဒါဖွင့်ဖို့ ကော်ပိုရေးရှင်းက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ နိုင်ငံတစ်ဝန်း ဆိုင်ခွဲများမှာ ကုန်စည်လျော့ကျမှု မရှိရေးနဲ့ စားသုံးသူများရဲ့ လိုအပ်ချက်ကို သက်သာစွာ ဝယ်ယူနိုင်ဖို့ တင်ဒါများဖွင့်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ USC မှ အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၁ ရက်မှာ ပြောကြား ပါတယ်။ ကုန်စည်ဝယ်ယူဖို့ တင်ဒါများ ဖျက်သိမ်းခဲ့တာကြောင့် ရောင်းချမှုနည်းခြင်း ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ပဲအရည် အသွေးနိမ့်ခြင်းနဲ့ ဈေးနှုန်းမြင့်နေတာကြောင့် တင်ဒါများ ဖျက်သိမ်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တင်ဒါအောင်မြင်ခဲ့ရင် ပြင်ပဈေးကွက်နဲ့ယှဉ်ရင် ပြည်သူတွေလိုအပ်တဲ့ ပဲအရည်အသွေးကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရရှိလာမယ်လို့လည်း ဆိုပါတယ်။ ပဲအမျိုးအစားအလိုက် ပြင်ပဈေးကွက်ထက် တစ်ကီလို ရူပီး ၁၅-၂၀ (ကန်ဒေါ်လာသုညဒသမ ၁၆- သုည ဒသမ ၂၂) ခန့် လျော့ပြီး၊ စားသုံးသူတွေ ပဲဝယ်ယူရရှိလိမ့်မယ်လို့ ဆိုပါတယ်။ ယမင်းခင်၊Source: dawn.com
Background