Main menu

Background

ကုလားပဲလျော့ကျပြီး ရောင်းလိုအားပါးလို့ ဈေးဆက်လက်မြင့်တက်

Mon, 02/27/2012 - 05:16 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်မှာ လက်ကျန်နည်းတာကြောင့် ရောင်းချမှုပါးတဲ့အတွက် ယခုတစ်ပတ်အတွင်း ကုလားပဲ ကြိုပွိုင့်ဈေး ဆက်လက်မြင့်တက်ဖွယ်ရှိနေပါတယ်။ အထွက်လျော့ကျမယ့် အခြေအနေနဲ့ ပြည်တွင်းဝယ်လိုအား ခိုင်မာနေခြင်းတို့က ကုလားပဲ ကြိုပွိုင့်ဈေးကို ဆက်လက် အထောက်အပံ့ဖြစ်နေပါတယ်။ မွန်ဘိုင်းမှာ ကျင်းပတဲ့ ညီလာခံမှာ အဓိက ပြောကြားသူများက ယခုနှစ် စားသုံးမှုလိုအပ်ချက် ပြည့်မီဖို့ တင်သွင်းမှု ပိုမိုဖွယ်ရှိတယ်လို့ ဆိုပါတယ်။    ပဲအဓိကထုတ်လုပ်ရာ ဒေသတွေမှာ ရာသီဥတုအခြေအနေ မသာယာတဲ့ အတွက် ကုလားပဲထွက်ရှိမှုကို ကန့်သတ်နိုင်ပါတယ်။ NCDEX  မှာ မတ်လစာချုပ် ကုလားပဲဈေးက ၂ ဒသမ ၆၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ရူပီး ၃၅၄၁၀ (ကန်ဒေါ်လာ ၇၁၉)ဈေး ဖြစ်ခဲ့ပါတယ်။    ဒုတိယအကြိမ် ခန့်မှန်းချက်အရ ပဲမျိုးစုံ ထုတ်လုပ်မှု တန်ချိန် ၁ သန်းခန့် ကျဆင်းဖွယ်ရှိတဲ့အနက် အဓိက ပဲမှာ ကုလားပဲဖြစ်ပါတယ်။ ယခုလိုအထွက်လျော့ ကျခြင်းဟာ စိုက်ဧက လျော့ကျခြင်းနဲ့ မဒ္ဒရာပရာဒေ့ရှ်နဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ ကာဘူလီ ကုလားပဲစိုက်ဧကများ ပြောင်းရွှေ့စိုက်ပျိုးခြင်းကြောင့် ဖြစ်ပါတယ်။ယမင်းခင်၊Source: commodityonline