ဖွံ့ဖြိုးပြီးတဲ့ ဒေသတွေကို ပြောင်းရွှေ့ခြင်း၊ ခေါက်ဆွဲ၊ စွပ်ပြုတ်ပြုလုပ်ရာမှာ တန်ဖိုးမြင့်ပဲထုတ်ကုန်သစ်များ အသုံးပြုလုပ်ခြင်းနဲ့ စားသောက်ပုံအလေ့အထ ပြောင်း လဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဲဝယ်လိုအား တိုးတက်လာနေတယ်လို့ နိုင်ငံတကာ ပဲမျိုးစုံ၊ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုအသင်းအဖွဲ့ ဥက္ကဌ Hakan Bahceci မှ ပြော ကြားပါတယ်။အိန္ဒိယမှာပဲမျိုးစုံက စားနပ်ရိက္ခာဖူလုံမှုအတွက် အဓိကကျတယ်လို့ ဆိုပါ တယ်။တစ်နှစ်ကို ပဲတန်ချိန် ၁ သိန်းခန့် တိုးတက်တင်သွင်းသွားရနိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။ ကမ္ဘာတစ်ဝန်းလုံး ပဲမျိုးစုံကုန်သွယ်မှု ပမာဏအားဖြင့်တန်ချိန် သန်း ၆၀ ဝန်း ကျင်ရှိပြီး၊ လက်လီရောင်းချမှု တန်ဖိုးအနေနဲ့ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ခန့်ရှိ တယ်လို့ဆိုပါတယ်။ ပဲမျိုးစုံဟာ အိန္ဒိယနဲ့ အနောက်အာရှရဲ့ အဓိကအစားအစာ ဖြစ်ပါတယ်။ကမ္ဘာ့မြောက်ဖက်ခြမ်းကတော့ပဲမျိုးစုံရဲ့ တန်ဖိုးအပြည့်အဝကို ယခုအချိန် ထိ ရှာဖွေနေဆဲဖြစ်ပေမယ့် မကြာမီအဓိက အစားအစာဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြောင်းရွှေ့ နေထိုင်တဲ့ လူများဟာ ပဲမျိုးစုံကို ၎င်းတို့မိခင်နိုင်ငံများနဲ့ ချိတ်ဆက် ပြီး၊ ဝယ်ယူလာကြတာကြောင့် ကမ္ဘာ့အနှံ့မှာ ပျံ့နှံ့လာတာလို့ဆိုပါတယ်။ ဥပမာအနေ နဲ့ တရုတ်လူမျိုးများဟာ ခေါက်ဆွဲပြုလုပ်ရာမှာ ပဲမျိုးစုံကိုအသုံးပြုမှုစတင်ခဲ့တာ ဖြစ်ပါ တယ်။အလားတူ အိန္ဒိယကလည်း ပဲအဓိက တင်သွင်းသူဖြစ်ပါတယ်။ အမေရိကန်မှာ လည်း ပဲပုပ်စားသုံးနေရာမှတဖြည်းဖြည်းနဲ့ ဟင်းခတ်ပြုလုပ်ရာမှာ ပဲမျိုးစုံကို အစားထိုး အသုံးပြုလာနေပြီလို့ ၎င်းင်းက ဆိုပါတယ်။ မကြာမီ ပဲမျိုးစုံ ထုတ်လုပ်မှုဟာ တန်ချိန် သန်း ၇၀ ထိမြင့်တက်ဖွယ်ရှိတယ်လို့ Bahceci မှ ပြောကြားပါတယ်။ ပဲမျိုးစုံကို တန်ဖိုးမြင့် ထုတ်လုပ်မှုနဲ့ပြုပြင်ထုတ်လုပ် မှုများလည်းပိုမိုကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေပြီလို့ဆိုပါတယ်။ ဝယ်လိုအားမြင့် တက် တာနဲ့အမျှ နောက်နှစ်အနည်းငယ်အတွင်းရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ယမင်းခင်၊Source: mydigitalfc.com
Background