Main menu

Background

အောင်ပန်းချင်း အထွက်ကောင်းပြီး ပုံမှန် အရောင်းအဝယ်ဖြစ်

Mon, 02/27/2012 - 05:51 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာတော့ ချင်းက ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နဲ့ ဈေးနေ့တွေမှာ အဝင်ပိုများပြီး ပျမ်းမျှပိဿာ ၂၀၀၀-၃၀၀၀ အဝင်ရှိတယ်လို့လည်း သိရပါတယ်။ ချင်းထိုးဖို့အတွက် ပြည်နဲ့ မန္တလေးက အဝယ်ရှိတယ်လို့ သိရပါတယ်။ မန္တလေးဝယ်လက်တွေကတော့ ပြင်ဦးလွင်ချင်းနဲ့ အောင်းပန်းချင်းကိုယှဉ်ပြီး၊ ရောင်းဖို့ ဝယ်ယူနေတာလို့လည်း သိရပါတယ်။ ပြင်ဦးလွင်ချင်းကတော့ အောင်ပန်းချင်း ထက်ဈေးပိုချိုပါတယ်။ တောင်သူ အချို့ကလည်း လိုနေတဲ့မျိုးတွေကို ပြန်ဝယ်ယူနေ တာကြောင့် ဒီတစ်ပတ်မှာတော့ ချင်းအရောင်းအနည်းငယ် သွက်လာတယ်လို့လည်း သိရပါတယ်။ ချင်းအထွက်ကောင်းပေမယ့် ပုံမှန်အရောင်းရှိနေတာကြောင့် လက် ကျန်ကလည်း အများကြီးမကျန်တော့ဘူးလို့လည်း သိရပါတယ်။ ဒီတစ်ပတ် ချင်းဈေးက အနိမ့်ဆုံးတစ်ပိဿာ ၂၂၀ ကျပ်မှ အမြင့်ဆုံး ၃၇၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အခက်လှပြီး ခြောက်ရင် တစ်ပိဿာ ၁၅၀၀ ကျပ် - ၁၆၀၀ ကျပ် ဈေးရှိပြီး၊သိပ်မခြောက်သေးတဲ့ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ် ဈေးရှိပါတယ်။    ဟိုပုံချင်းကတော့ အထွက်နည်းတဲ့အတွက် အဝင်ကလည်း နည်းပါတယ်။ လှောင်လက်တွေကတော့ ဟိုပုံးဒေသအနီးတစ်ဝိုက်က ချင်း(စို)တွေကို အခြောက်ပြု လုပ်ဖို့အတွက် ဈေးနေ့တွေမှာ ဆင်းပြီး ဝယ်ယူနေကြပါတယ်။ ချင်း(စို)ဈေးက တစ်ပိဿာ ၂၀၀ ကျပ်မှ ၂၃၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင်