အိန္ဒိယအစိုးရက အနည်းဆုံးပို့ကုန်ဈေးနှုန်း (MEP) ကို ကြက်သွန်နီတစ်တန် ၁၂၅ ဒေါ်လာနှုန်း လျှော့ချပေးခြင်းနဲ့ ကြက်သွန်နီတင်ပို့မှုနှေးကွေးနေခြင်းကို မြှင့် တင်လိုက်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာန (DGFT) ရဲ့ ညွှန်ချုပ်က ပြောကြား ခဲ့ပါတယ်။ ဇန်နဝါရီအစောပိုင်းမှာလည်း အိန္ဒိယက ကြက်သွန်နီသင်္ဘောတင် ဈေးနှုန်းကိုတစ်တန်ဒေါ်လာ ၂၅၀မှ ဒေါ်လာ ၁၅၀ အထိ လျှော့ချပေးခဲ့ပြီး ဖြစ်ပါ တယ်။ အိန္ဒိယက ၂၀၁၀-၂၀၁၁ မှာ ပို့ကုန် ရူပီး ၁၇၄၁၀ သန်းရှိခဲ့ပြီး မြင့်တက် နေတဲ့ ပို့ကုန်ဈေးတွေကို တဖြည်းဖြည်းချနေကြောင်း သိရပါတယ်။ ၂၀၀၇-၂၀၀၈ နဲ့ ၂၀၀၉-၂၀၁၀ မှာ ပို့ကုန် ၂ ဆတက်ခဲ့တယ်လို့ သိရပါတယ်။ MEP ကို လျှော့ချ ပေးခြင်းအားဖြင့် ယခုရာသီကုန်မှာ အမြတ်ငွေသိသိသာသာ တက်လာမယ်လို့ ကုန်သည်များက မျှော်လင့် နေပါတယ်။ ၂၀၁၁-၂၀၁၂ မှာ အိန္ဒိယရဲ့ ကြက်သွန် ထုတ်လုပ်မှုက တန်ချိန် ၁၅ ဒသမ ၁၄ သန်းရှိပြီး ယခင်နှစ် အထွက်နှုန်းထက် ပိုမိုခဲ့ပါတယ်။ အိန္ဒိယက တရုတ်ပြီးလျှင် ကမ္ဘာ့ကြက်သွန်နီအများဆုံး ထုတ်လုပ် တဲ့နိုင်ငံဖြစ်ပြီး ၎င်းင်းရဲ့ကုန်ပစ္စည်းအရည်အသွေးကြောင့် ကမ္ဘာမှာ လူကြိုက်များ ကြောင်း သိရပါတယ်။ Source: Commodity online ,K.Z.W
Background