Main menu

Background

ဟိုပုံး- နနွင်းနဲ့ နမ့်စန်နနွင်းသစ်များ ဈေးကွက်ကိုဝင်လာ

Mon, 02/27/2012 - 05:53 -- Anonymous (not verified)

    ဟိုပုံးနနွင်းနဲ့ နမ့်စန်နနွင်းအသစ်တွေသာ ဈေးကွက်ကို ဝင်လာပေမယ့်၊ အောင်ပန်းဈေးကွက်မှာတော့ အသစ်တွေ သိပ်မဝင်လာသေးပါဘူး။ လက်ကျန်အဟောင်းတွေကိုသာရောင်းနေတယ်လို့လည်း သိရပါတယ်။ လက်ကျန်တွေများနေ တာ ကြောင့် အသစ်တွေကိုလည်း သိပ်မဖော်ကြသေးပါဘူး။ ကလောမြို့နယ် တစ်ဝိုက်ကသာ အနည်းငယ်ဖော်နေပြီး၊ ပင်လောင်း ကတော့ မတ်လလောက်မှသာ ဖော်မယ်လို့သိရပါတယ်။ ထုံးစံအတိုင်း ပြည်တွင်း အမှုန့်ကြိတ်သမားတွေသာ ဝယ်ယူမှုရှိနေပြီး၊ ဆင်တောင် နနွင်းကိုတော့ အရောင်တင်ဆီနဲ့ အမှုန့်ပြုလုပ်ဖို့ အနည်းငယ်ဝယ်လာကြတယ်လို့လည်း သိရပါတယ်။ အရောင်တင် ဆီအတွက် အသုံးပြုတဲ့ နနွင်းကတော့ တစ်ပိဿာကို ၁၀၀၀ ကျပ် ဈေးရှိပြီး၊ နနွင်းမှုန့်ကြိတ်မဲ့ နနွင်းဝါသန့်ကတော့ တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပင်းတယ၊ တောင်ဖို့လ နနွင်းဝါတွေကတော့ တစ်ပိဿာ ၈၀၀ ကျပ် - ၉၀၀ ကျပ်ဈေးရှိပြီး၊ ဟိုပုံး နနွင်းကတော့ ၆၅၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။                                   ဧဧခိုင်