Main menu

Background

အိန္ဒိယဈေးကွက်တွေကို နနွင်းဝင်ရောက်မှုများလို့ ဈေးကျဆင်း

Mon, 02/27/2012 - 05:54 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံ အီရော့ဈေးကွက်တွေကို နနွင်းဝင်ရောက်မှုများတာကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်မှာ နနွင်းတစ်တန် ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၆၁)ကျဆင်းခဲ့ပါတယ်။နနွင်းဈေးကွက် ၃ ရက်ကြာ ပိတ်ပြီးနောက်၊ နနွင်းအိတ် ၁၈၀၀၀ ခန့် ဝင် ရောက်ခဲ့ကြောင်းသိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းဈေးကျဆင်းခဲ့ပြီး ဝင်ရောက်တဲ့ နနွင်း အိတ်များရဲ့ ၅၀ ရာခိုင်နှုန်းကိုဈေးအလျှော့နဲ့ဝယ်ယူခဲ့ကြတယ်လို့ အီရော့နနွင်းကုန်သည်များ အသင်းဥက္ကဌ မစ္စတာ အာကေ ဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။နိုင်ငံမြောက်ပိုင်းမှ အမှာအသစ်များမရရှိသေးတာကလည်း နနွင်းကြိုပွိုင့်ဈေးနှုန်းကို ကျဆင်းစေပါတယ်။ မတ်လပထမပတ်လောက်မှာတော့ မှာယူမှု အော်ဒါအသစ်တွေရရှိလိမ့်မယ်လို့ ကုန်သည်များက မျှော် လင့်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။ ကုန်သည်တွေက လက်ရှိဈေးကျဆင်းတဲ့အချိန် ဝယ်ယူနေပြီး၊ အကယ်လို့ ဈေးကွက် တက်ခဲ့ရင် မြောက်ပိုင်းကုန်သည်များကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။    အရည်အသွေးကောင်းတဲ့ စပ်မျိုးနနွင်းတွေ ဝင်ရောက်လာပေမယ့် ကုန်သည်တွေက ဈေးလျှော့ပေးကြတာ ကြောင့် တစ်တန်ရူပီး၅၀၀၀ (ကန်ဒေါ်လာ ၁၀၂)ခန့်ကျဆင်းခဲ့ပါတယ်။ အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်း လက်ချောင်းဈေး တစ်တန် ရူပီး၂၆၄၆၀-၄၃၆၅၀(ကန်ဒေါ်လာ ၅၃၇-၈၈၇)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၆၄၉၀-၄၀၁၉၀ (ကန်ဒေါ်လာ ၅၃၈-၈၁၆) ရှိကြောင်း သိရပါတယ်။                            ယမင်းခင်၊Source: hindubusiness