Main menu

Background

ပြည်ပ တင်ပို့ဖို့ အမှာမရှိတာကြောင့် အိန္ဒိယမန်ကျည်းမှည့် ဈေးကျဆင်း

Mon, 02/27/2012 - 06:01 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာ မန်ကျည်းမှည့်ထွက်ရှိမှုပိုမိုခြင်းနဲ့ ပြည်ပအဝယ်အမှာ မရှိခြင်းတို့ကြောင့် မန်ကျည်းမှည့်ဈေး ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဈေးနှုန်းအကျဘက်ဆင်းနေတာကြောင့် ကုန်သည်များကလည်း သိုလှောင်ထားရှိဖို့ တုံ့နှေးခြင်းက ဈေးကွက်အတွင်း ဈေးနှုန်းကိုပိုမိုကျဆင်းစေပါတယ်။ တမီလ်နာဒူးမှာ မန်ကျည်းမှည့်က ပုံမှန်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းသာရှိပေမဲ့ အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ ချန်တီဂရပ်တို့မှာ လက်ကျန်များနေတယ်လို့ မန်ကျည်းကုန်သည် Mr O.M.S Raja   က ဆိုပါတယ်။    လတ်တလောမှာ မန်ကျည်းအစေ့လွတ် အရည်အသွေးအသင့်အတင့်ကောင်း တစ်ကီလိုကို ရူပီး ၅၀ (ကန်ဒေါ်လာ ၁ ဒသမ၀၁)ရှိပြီး အောက်တိုဘာလမှာ ရူပီး ၈၀ (ကန်ဒေါ်လာ ၁ ဒသမ ၆၃) ရှိခဲ့ပါတယ်။ အရည်အသွေးကောင်း မန်ကျည်း မှာအောက်တိုဘာလမှာ ရူပီး၁၂၀(ကန်ဒေါ်လာ ၂ ဒသမ၄၄၅) ရှိခဲ့ရာမှ ရူပီး ၉၀ (ကန်ဒေါ်လာ ၁ ဒသမ ၈၃) ကို ကျဆင်း ခဲ့ပါတယ်။ မန်ကျည်းစိုက်ပျိုးတဲ့ အင်ဒရာပရာဒေ့ရှ်ဈေးကွက်တွေမှာ ပြုပြင်ခြင်းမရှိသေးတဲ့ မန်ကျည်းတစ်တန် ရူပီး ၁၁၀၀၀-၁၅၀၀၀ (ကန်ဒေါ်လာ ၂၂၄-၃၀၆) သာရှိလို့ ဈေးနှုန်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ ယခင်နှစ်စက်တင်ဘာလအတွင်းမှာ ရူပီး ၂၈၀၀၀-၃၄၀၀၀ (ကန်ဒေါ်လာ ၅၇၁-၆၉၃) ဈေးထက်များစွာလျော့ကျခဲ့ပါတယ်။ ချန်နိုင်းဈေးကွက်လက်ကားရောင်းချမှုမှာ အောက်တိုလာလက ရူပီး ၁၄၇ (ကန်ဒေါ်လာ ၂ ဒသမ ၉၉၅) ရှိရာမှ ယခုအခါ ရူပီး ၈၅-၈၆ (ကန်ဒေါ်လာ ၁ ဒသမ ၇၃ - ၁ ဒသမ ၇၅) ရှိနေတယ်လို့ လက်ကားကုန်သည် တစ်ဦးမှဆိုပါတယ်။ ယခင်နှစ်ကာလတူက ဈေးအနိမ့်နဲ့ မန်ကျည်း ဝယ်ယူခဲ့ပေမဲ့ ယခုနှစ်ပြဿနာကတော့ သိုလှောင်ဖို့အခြေအနေ မရှိခြင်းဘဲဖြစ်တယ်လို့ ဆိုပါတယ်။ ယခုလိုဈေးကျဆင်းရခြင်း အခြားအကြောင်းရင်းများလည်းရှိနေပါတယ်။ ယခင်နှစ်ကထိုင်းနိုင်ငံ ရေလွှမ်းမိုးပြီး မန်ကျည်းသီးနှံများ ထိခိုက်ခဲ့ရတာ ကြောင့် မလေးရှားနဲ့ အခြားအာရှ အရှေ့နိုင်ငံများကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ယခင်နှစ် အစပိုင်းကစပြီး အခွင့်အရေးရခဲ့လို့ ပြည်ပ တင်ပို့မှုစတင်ခဲ့ပေမဲ့ဒီနှစ်မှာတော့ ပြည်ပကဘယ်ဈေးနဲ့မှ အဝယ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။    ဒါကြောင့်လည်း ယခင်နှစ်ဈေးကိုအခြေခံပြီး သစ်တောဌာနနဲ့ ပြည်နယ်အစိုးရများထံက စာချုပ်ပြီး မန်ကျည်းပင်များ ဝယ်ယူထားတဲ့တောင်သူတချို့ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ ယခုအချိန်ထိ ဝယ်ယူဖို့ စိတ်ဝင်စားသူတစ်ဦးမှ မတွေ့ သေးဘူးလို့လည်းဆိုပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလအတွင်း မန်ကျည်းအပါအဝင် ဟင်းခတ်ပစ္စည်း တင်ပို့မှုတန်ချိန် ၂၈၂၀၀ ရှိပြီး၊ ဝင်ငွေအားဖြင့် ကန်ဒါ်လာ ၂၅၁၉ ဒသမ ၅၈ ကုဋေ (ကန်ဒေါ်လာ ၅၁၃ သန်း) ရှိခဲ့လို့ ယခင်နှစ်တင်ပို့မှုတန်ချိန် ၁၆၈၇၅၊ ဝင်ငွေရူပီး ၁၂၁၅ ဒသမ ၀၇ ကုဋေ (ကန်ဒေါ်လာ ၂၄၈ သန်း) ထက်ပိုတယ်လို့ ဟင်းခတ် အမွှေး အကြိုင်အဖွဲ့မှပြောကြားပါတယ်။ မန်ကျည်းတင်ပို့မှု တစ်ခုထဲမှာ ယခင်နှစ်ကတန်ချိန် ၁၂၂၀၀၊ တန်ဖိုးအားဖြင့် ရူပီး ၄၇၀ ဒသမ ၅၅ ကုဋေ (ကန်ဒေါ်လာ ၉၆ သန်း) ရှိခဲ့ရာမှ ၂၀၁၀-၁၁ အတွင်းမှာ တန်ချိန် ၁၇၅၀၀၊ တန်ဖိုးအားဖြင့် ရူပီး ၈၀၀ ကုဋေ (ကန်ဒေါ်လာ ၁၆၃) ရှိခဲ့ကြောင်းသိရပါတယ်။    ကုန်သည်များ သိုလှောင်မှုမှာ စိတ်ဝင်စားမှုမရှိရခြင်းမှာ အအေးခန်းသိုလှောင်ငှားရမ်းခမှာ ၁၀ တန်ကို ရူပီး ၁၁၀၀၀ (ကန်ဒေါ်လာ ၂၂၄ ) မှ ရူပီး ၁၄၀၀၀ (ကန်ဒါ်လာ  ၂၈၅ ) ကို မြင့်တက်လာတာကြောင့်လို့ဆိုပါတယ်။ ဒါ့အပြင် တင်ပို့မှုစရိတ်ကလည်း တစ်အိတ်ကို ၆ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၁၂၂ ) မှ ၁၀ ရူပီး(ကန်ဒေါ်လာ သုည ဒသမ ၂၀)ကို မြင့်တက်လာတယ်လို့ Mr Veerasamy  မှ  ပြောကြားပါတယ်။ ဒါကြောင့်လည်း ကုန်သည် တစ်ဦးဟာ အအေးခန်းမှမန်ကျည်းကို ၎င်းရဲ့သိုလှောင်ရုံကိုရွှေ့ရင် ၅၀ ကီလိုတစ်အိတ်ကို အရင်က ၁၂ ရူပီး (ကန်ဒေါ်လာ  သုည ဒသမ ၂၄) ကုန်ကျရာမှ ယခုအခါ ၁၈ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၃၇) ကို မြင့်တက်လာမယ်လို့ဆိုပါတယ်။ အဲဒီလို အကြောင်းတွေကြောင့် မန်ကျည်းသီးသိုလှောင်ဖို့ မစဉ်းစားကြခြင်းဖြစ်တယ်လို့ ချန်နိုင်းလက်ကားကုန်သည်က ဆိုပါတယ်။     အကယ်လို့သာ အစိုးရက တောင်သူတွေဆီက မဝယ်ယူဘူးဆိုရင် မန်ကျည်းဈေးက တစ်ကီလို နောက်ထပ် ရူပီး ၂၀ (ကန်ဒေါ်လာ သုည ဒသမ ၄၁) ခန့် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အဖွဲ့စာရင်းအရ နနွင်း ထုတ်လုပ်မှုဟာ ၂၀၀၈-၀၉ မှာ ဟက်တာ ၁ ဒသမ ၉၄ သိန်းမှ တန်ချိန် ၈ ဒသမ ၉၂ သိန်း ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ယမင်းခင်၊Source: thehindu.com