Main menu

Background

ဟောင်ကောင်ဒေသ၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန် နိုင်ငံခြား အရန်ငွေ ဒေါ်လာဘီလီယံ ၂၈၀ ကျော်

Mon, 02/27/2012 - 06:08 -- Anonymous (not verified)

၂၀၁၁ ခုနှစ် ဒီဇင်လာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြား အရန်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၅ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၂၀၀ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော နိုဝင်ဘာလထက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေး အာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ စုစုပေါင်းနိုင်ငံခြားအရန် ငွေပမာဏသည် ပြည်တွင်း၌ လည်ပတ်လျက်ရှိသော ငွေကြေး ပမာဏနှင့် ငွေချေးစာချုပ်များ၏ ၉ ဆသို့မဟုတ် ဟောင်ကောင် ဒေါ်လာ M3  ၏ ၅၅ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေသသည် တရုတ်ပြည်မကြီး၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေးဗျ၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ဘရားဇီးလ်နှင့် တောင်ကိုရီးယားနိုင်ငံပြီးလျှင် နဝမ မြောက် နိုင်ငံခြားအရန်ငွေ ပမာဏအများဆုံး ဆက်လက်ပိုင်ဆိုင် ထားကြောင်း သိရသည်။ဇာစ်မြစ်။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့။