Main menu

Background

ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှု ၃၃ နှစ်အတွင်း အမြင့်ဆုံး ရောက်ခဲ့

Mon, 02/27/2012 - 06:09 -- Anonymous (not verified)

ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေပြမှုမှာ ယန်း ၁ ဒသမ ၄၈ ထရီလီယံရှိလာကာ ၃၃ နှစ်အတွင်း လိုငွေပြမှု အများဆုံးဖြစ်ခဲ့ကြောင်း အစိုးရမှထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။ပို့ကုန်တင်ပို့မှုမှရရှိတဲ့ ဝင်ငွေမှာ ယခင်နှစ်ကထက် ၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၁ ထရီ လီယံခန့်သာရှိခဲ့ပြီး လေးလဆက်တိုက်ကျဆင်းလာခြင်း ဖြစ်ပါတယ်။ ယန်းငွေကြေး ခိုင်မာလာခြင်းနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးနေဦးမယ်လိ့ု ခန့်မှန်းချက်တွေကြောင့် ပို့ကုန်တင်ပို့မှုကျဆင်းလာခြင်းတိ့ုက ခြောက် လအတွင်း ဂျပန်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုကို လျင်မြန်စွာ ဆက်တိုက် ကျဆင်းလာစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဂျပန်နိုင်ငံရဲ့ သွင်းကုန်တင်သွင်းမှုမှာ ၂၅ လအတွင်း ဆက်တိုက်တက်လာခဲ့ရာ ယခင်နှစ်ကထက် ၉ ဒသမ ၈ ရာခိုင်နှုန်းတက်လာကာ ယန်း ၅၉၈၅ ဒသမ ၂ ဘီလီယံဖြစ်လာ ခဲ့ပါတယ်။ဒီလိုကုန်သွယ်ရေးလိုငွေပြမှုမှာ ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အများဆုံးပမာဏဖြစ်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကုန်သွယ်ရေးလို ငွေပြမှုမှာ ယန်း ၉၆၇ ဒသမ ၉ ဘီလီယံခန့်သာရှိခဲ့ကြောင်း၊ နျူကလီး ယားပြဿနာကြောင့် ဖူကူရှီးမားရှိ ဓာတ်အားပေးစက်ရုံတွေ တစ်ခု ပြီးတစ်ခုပိတ်ခဲ့ရကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုတွေ မြင့်တက်လာရာ သွင်းကုန်တင်သွင်းမှု  မြင့်တက်လာရခြင်းဖြစ် ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။Source- MNA/Xinhua ရွှေစင်ကို