Main menu

Background

ငြိမ်သက်နေဆဲ အမေရိကန်ဒေါ်လာဈေးကွက်

Mon, 02/27/2012 - 06:14 -- Anonymous (not verified)

ဒီတစ်ပတ်အတွင်းမှာတော့ အမေ ရိကန်ဒေါ်လာဈေးကွက်ဟာ ငြိမ်သက် နေခဲ့တာကိုတွေ့ရပါတယ်။ သိမ်ဖြူငွေ လဲစင်တာတွင်  အမေရိကန်ဒေါ်လာ ဈေးသည် တစ်ပတ်အတွင်း အပြောင်း အလဲမရှိခဲ့ဘဲ ငြိမ်သက်နေခဲ့သည်။ထို့ပြင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ ငွေလဲစင်တာများတွင် ဖော်ပြ ထားသည့်  ငွေဈေးနှုန်းမှာလည်း အ ပြောင်းအလဲမရှိခဲ့ဘဲ ငြိမ်သက်နေသည် ကိုတွေ့ရသည်။အမေရိကန်ဒေါ်လာဈေးကွက်သည် ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်းက အနည်းငယ်သာ လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ငြိမ်သက်နေခဲ့ မှုကို "အခုဒီတစ်ပတ်မှာ ဒေါ်လာဈေး က အတက်အကျမရှိသလောက်ကို ဖြစ် ခဲ့တာ။ အရောင်းအဝယ်ကတော့ ပုံမှန် အတိုင်းပဲ။ပုဂ္ဂလိကဘဏ်တွေက အထူး သဖြင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် မှာ ဒေါ်လာတစ်သောင်းအထိ  လဲ လှယ်လို့ရတယ်ဆိုတော့ အဲဒီမှာ သွား လဲကြတာများတယ်။ သိမ်ဖြူစင်တာမှာ ကလည်း သိပ်ပြီးအကန့်အသတ်မထား တော့ဘူးဆိုတော့ ငွေလဲရတာ အရင် ကလောက် မဆိုးတော့ဘူး။ နောက်ပြီး ဘဏ်တွေက အထူးသဖြင့် ပုဂ္ဂလိက ဘဏ်တွေက အပြင်ဈေးနဲ့ လိုက်ညှိပြီး ဈေးဖွင့်တဲ့အတွက် ဈေးကလည်း သိပ် မကွာတော့   ဘယ်မှာ ရောင်းရောင်း အတူတူလောက်ပဲဆိုတော့ ငွေဈေးက အတက်အကျနည်းနေခဲ့တာ"ဟု ပြော ခဲ့သည်။ယခုတစ်ပတ်အတွင်းတွင် အမေရိ ကန်တစ်ဒေါ်လာလျှင်  သိမ်ဖြူငွေလဲ စင်တာတွင် ရောင်းဈေး ၈၃၁ ကျပ် ဝယ်ဈေး ၈၁၇ ကျပ်ရှိခဲ့ပြီး  အာရှစိမ်း လန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ရောင်းဈေး ၈၂၀ ကျပ် ဝယ်ဈေး ၈၁၀ ကျပ်ဖြစ်ခဲ့ ပြီး ပြင်ပငွေဈေးကွက်တွင်မူ ရောင်းဈေး ၈၁၇ ကျပ်ရှိခဲ့ကြောင်း သိရသည်။အက်ဖ်အီးစီ ဈေးကွက်မှာမူ အမေ ရိကန်ဒေါ်လာထက် ဈေးမြင့်နေဆဲဖြစ် ကြောင်း သိရသည်။  ကားလိုင်စင်ကြေး ငွေသွင်းရခြင်းနှင့် အက်ဖ်အီးစီ ၂၀တန် ကတ်များကို  ဝယ်ယူအသုံးပြုနေခြင်း တို့ကြောင့် အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၃၁ကျပ်အထိ ရောင်းဈေးရှိခဲ့ကြောင်း သိရသည်။ပို့ကုန်ဝင်ငွေ   ဈေးနှုန်းမှာလည်း တည်ငြိမ်နေခဲ့ပြီး ၈၄၄ ကျပ်သာရှိခဲ့ သည်ကိုတွေ့ရသည်။ ယူရိုငွေဈေး မြင့် တက်နေမှုကြောင့် ယူရိုငွေဖြင့် ပို့ကုန် ဝင်ငွေရသည့် ကုန်သည်များမှာ ယူရိုနှင့် ဒေါ်လာကို လဲလှယ်နေကြခြင်းကြောင့် ယခုတစ်ပတ်တွင် ဈေးအတက်အကျ သိပ်မရှိဘဲဖြစ်နေကြောင်း သိရသည်။MTD, KM2O