ယခုတစ်ပတ် နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ အသွင်းပိုတရုတ်နယ်စပ်ရှိ ကန်ပိုက်တီး၊ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၇၉၁ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၈၈၃၃၄ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေက တော့ တာချီလိတ်မှ ၁၀၉၀၆၉ ဂါလန်၊ ကန်ပိုက်တီးမှ ၆၆၁၅၀ ဂါလန်နှင့် ကော့ သောင်းနယ်စပ်မှ ၁၃၁၂၅ ဂါလန် အသီးသီးကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက် အတွင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၉၁၄၈၂ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ယခုအပတ်မှာ ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၇ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၀၈၀၀ ဂါလန်နဲ့ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၅၅ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၆၈၉၉၂ ဂါလန်တင်သွင်းခဲ့ရာ ယခင် အပတ်ကထက် ၅၈၈၁၄ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT)ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီလ ၂၀၁၂ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး ၂၀ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၃၅၀၀ ၃၆၀၀ ၃၇၀၀ ၂၁ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၃၅၀၀ ၃၆၀၀ ၃၇၀၀ ၂၂ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၃၅၀၀ ၃၆၀၀ ၃၉၀၀ ၂၃ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၃၅၀၀ ၃၇၀၀ ၃၉၀၀ ၂၄ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၃၆၀၀ ၃၇၀၀ ၃၉၀၀ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဖေဖော်ဝါရီလ ၂၀၁၂ ရက် အောက်တိန်း(ကျပ်) ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) အဆင့်မြင့်ဒီဇယ်(ကျပ်) ၂၀ ၃၈၀၀ ၃၅၅၀ ၃၇၅၀ ၃၉၀၀ ၂၁ ၃၈၀၀ ၃၅၅၀ ၃၇၅၀ ၃၉၀၀ ၂၂ ၃၈၀၀ ၃၅၅၀ ၃၇၅၀ ၃၉၀၀ ၂၃ ၃၈၀၀ ၃၅၅၀ ၃၈၀၀ ၃၉၀၀ ၂၄ ၃၈၀၀ ၃၅၅၀ ၃၈၀၀ ၃၉၀၀ ၁၇-၂-၂၀၁၂ မှ ၂၃-၂-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်း များ စဉ်နယ်စပ်စခန်း ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း တရုတ် (ကျပ်) (ကျပ်) ၁။ မူဆယ် ဂါလန် 3900 4000 ၂။ လွယ်ဂျယ် ဂါလန် 4000 3800 ၃။ ချင်းရွှေဟော် ဂါလန် 4000 4000 ထိုင်း (ကျပ်) (ကျပ်) ၁။ ကော့သောင်း ဂါလန် 3600 3541 ၂။ မြဝတီ ဂါလန် 3400 3400 ၃။ တာချီလိတ် ဂါလန် 3808 3865 အိန္ဒိယ (ကျပ်) (ကျပ်) ၁။ တမူး ဂါလန် 4500 4000 ဘင်္ဂလားဒေ့ရှ် (ကျပ်) (ကျပ်) ၁။ စစ်တွေ ဂါလန် 4500 3300 ၂။ မောင်တော ဂါလန် 6000 3700
Background