Main menu

Background

ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ကြွေးမြီပြဿနာနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ရွှေ၊ ငွေနှင့် ရေနံစိမ်း၊ စားနပ်ရိက္ခာများ ဈေးမြင့်မားလာ

Mon, 02/27/2012 - 06:15 -- Anonymous (not verified)

အီးယူဒေသ  အစိုးရများအနေနဲ့ ဒေသတွင်း ကြွေးမြီပြဿနာကို အပြီး သတ်ဖြေရှင်းနိုင်မှု မရှိသေးခြင်း၊ အမေ ရိကန်နဲ့ အစ္စရေးက အီရန်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်မှုများလာခြင်းနဲ့ အမေ ရိကန်နိုင်ငံမှာ ကြွေးမြီများလာခြင်းတို့ ကြောင့် ရွှေ၊ ငွေအပါအဝင် သတ္တုတွေ နဲ့ ရေနံစိမ်းဈေးနှုန်းတွေ မြင့်မားလာ တယ်။ ဖေဖော်ဝါရီ ၂၂ရက်က ကမ္ဘာ့ရွှေ ဈေးနှုန်းက  တစ်အောင်စကို ၁၇၈၀ ဒေါ်လာအထိ ရောက်ရှိပြီးနောက် ပြန် လည်ကျဆင်းသွားသော်လည်း ဖေဖော် ဝါရီ ၂၃ရက်မှာ တစ်အောင်စကို ၁၇၇၅ ဒေါ်လာအထက်မှာ ရှိနေဆဲဖြစ်တယ်။ ကမ္ဘာ့ရေနံစိမ်း (light Sweet Crude Oil) ကလည်း တစ်အောင်စကို ၁၀၆ ဒေါ်လာအထိ ရောက်ရှိလာတယ်။ သဘာဝဓာတ်ငွေ့နဲ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေလည်း မြင့်မားနိုင်တယ်လို့ သိရတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေ  မြင့်မားရခြင်း  အဓိက အကြောင်းရင်းမှာ ရေနံစိမ်းရောင်းလို အား ပြတ်တောက်လာနိုင်မှုအပေါ် စိုး ရိမ်ကြခြင်းကြောင့်ဖြစ်တယ်။ တကယ် လု့ိ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်လာပါက ရေနံစိမ်းဈေးကွက် မှာ ရောင်းလိုအားက စိုးရိမ်ဖွယ်ရာဖြစ် လာနိုင်တယ်။ အဘယ်ကြောင့်ဆိုသော် အီရန်က ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်း ထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်နေလို့ပါ။ ရွှေအပါအဝင် သတ္တုတွေဈေးမြင့်ရ ခြင်းမှာ အမေရိကန်နဲ့ အီးယူဒေသမှာ ကြွေးမြီတိုးပွားလာတာနဲ့အမျှ အရှေ့ အလယ်ပိုင်းဒေသမှာ စစ်ပွဲထပ်ဖြစ်လာ နိုင်မှုအပေါ် စိုးရိမ်မှုတွေက ရွှေကို လုံခြုံ စိတ်ချရတဲ့ပစ္စည်းအဖြစ် ဝယ်လိုအား မြင့်မားလာစေပြီး ရွှေအပါအဝင် အဖိုး တန်သတ္တုတွေဈေးမြင့်လာခြင်းဖြစ်တယ်။စားနပ်ရိက္ခာတွေ ဈေးမြင့်ရခြင်းမှာ ထုတ်လုပ်မှုစရိတ်တိုးလာခြင်း ၊ ရေနံစိမ်း ဈေးနှုန်းတွေ မြင့်မားလာရာ သယ်ယူပို့ ဆောင်စရိတ်တိုးလာခြင်းနဲ့ကန်ဒေါ်လာ တန်ဖိုး  ကျဆင်းသွားခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။Source:money.brevardtimes.com            ပပ