ဘရာဇီးနဲ့ တရုတ်မှ ဓာတ်မြေသြဇာများ တင်သွင်း

ဘရာဇီးနဲ့ တရုတ်မှ ဓာတ်မြေသြဇာများ တင်သွင်းဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၄၈၁ ဒသမ ၂၅၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုံးသိန်းကိုးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှ မြေ သြဇာ တန် ၅၀၀၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၃၇၅ တန်နဲ့ အခြားမြေ သြဇာ ၆၀၆ ဒသမ ၂၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာတင်သွင်းမှုက တန်ချိန် တစ်ထောင့် ခုနစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် သုံးရာနီးပါး အဝင် လျော့ခဲ့ပါတယ်။                      MIRT (DOT)ချင်းရွှေဟော်နယ်စပ်မှ ဓာတ်မြေသြဇာ အသွင်းရှိမြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၇၅ သန်း တန်ဖိုးရှိ ကွန်ပေါင်းဓာတ်မြေသြဇာ ၂၉၇ တန်ကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း တင်သွင်းမှုရှိခဲ့ပါတယ်။ ကျန်စခန်းများဖြစ်တဲ့ မူဆယ်၊ မြဝတီ၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၀၄၂၀ တန် တင် သွင်းခဲ့ပါတယ်။  နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၀၄၉ တန်၊ ရိဒ်မှ ၃၃၅ တန်ကျော်၊ မြဝတီမှ တန် ၂၀၀ ကျော်၊ ကန်ပိုက်တီးမှ တန် ၁၀၀၊ ကော့သောင်းမှ တန် ၆၀ ကျော်နဲ့ ချင်းရွှေဟော်မှ ၂၉၇ တန် အသီးသီး ဖြစ်ပါတယ်။              MIRT (DOBT)အပြောင်းအလဲမရှိဘဲ တည်ငြိမ်စွာရှိနေတဲ့ ဓာတ်မြေသြဇာဈေးမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက ဈေးအတက်အကျ မရှိသလို အရောင်းကလည်း အေးနေကြောင်း၊ ယခုအချိန်မှာ ပဲအတွက်သာ နည်းနည်း အသုံးရှိတာကြောင့် အရောင်းအေးနေတာဖြစ်ပါတယ်လိ့ု အရောင်းဆိုင် ကိုယ်စား လှယ်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်ဈေးတွေကတော့ ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က၂၂၅၀၀ ကျပ်၊ ကွန် ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက  ၃၁၀၀၀ ကျပ်၊  ကွန်ပေါင်း ၁၆း ၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ %(သံကွင်း-တရုတ်)က ၂၇၅၀၀ကျပ်၊ တီစူပါ ၁၆%(မြှားကမ္ဘာ-တရုတ်) က ၁၃၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာတော့ ဓာတ်မြေသြဇာက ဒီလတွေမှာတော့ ဒီလိုပဲ အရောင်းအေးနေတာ၊ လေးလပိုင်း ငါးလပိုင်းရောက်မှ ပြန်ပြီးအရောင်းသွက်နိုင် တယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းကပြောပါတယ်။ အရောင်းအေးတာနဲ့အမျှ ဈေး ကလည်း ကျလာပြီး တချို့ဓာတ်မြေသြဇာကတော့ ဈေးမကျဘဲ ငြိမ်နေတယ် လို့ ပြောပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ပန်းဖူး-ရွှေတောင်) တရုတ်က ၂၀၅၀၀ကျပ်၊ တီစူပါ ၁၂% (တရုတ်)က ၉၀၀၀ ကျပ်နဲ့ တီစူပါ ၁၆%  (တရုတ်) က ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ (၁၀း၁၀း၅)(တရုတ်)က ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ကျပ်၊ ပိုတက်(တရုတ်)က ၂၇၀၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ အသုံးနည်းတဲ့ မြေသြဇာက ဈေးအနည်းငယ်ကျပြီး၊ အသုံးနည်းနည်းရှိတဲ့ မြေသြဇာက ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မြှားကမ္ဘာ(တရုတ်) ၁၂း၁၃ (အပြာ) က ၁၅၅၀၀ ကျပ်၊ (အစိမ်း) က ၁၅၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၀၀၀ ကျပ်၊ ယူရီးယားပုလဲ-ပန်းဖူး(တရုတ်)က ၂၂၀၀၀ ကျပ်၊ ယူရီးယား ပုလဲ-ရွှေတောင် (တရုတ်)က ၂၀၅၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမ ၁၅၀၀၀ ကျပ်၊ ပိုတက် ၂၇၀၀၀ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ် ဈေးရှိတယ်လု့ိ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေရာ ယခုအချိန်မှာ ယူရီးယားနည်းနည်းအသုံးရှိပြီး ကွန်ပေါင်းက အသုံးနည်းနေတယ်လို့လဲ သိရပါ တယ်။ ဒါကြောင့် ယူရီးယားက ၂၀၀ ကျပ်ဝန်းကျင်လောက် ဈေးအတက်ရှိပြီး ကျန်မြေသြဇာတွေက ပုံမှန်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ အရောင်းကိုယ် စားလှယ်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်ဓာတ်မြေသြဇာဈေးက ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၉၀၀ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်)က ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း) ၂၁၀၀၀ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်)က ၈၅၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၅၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅-တရုတ်)တိုးနယားက ၂၄၀၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၃း၅း၇ က ၁၂၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ က ၁၃၂၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၃၁၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)