Main menu

Background

ဘိလပ်မြေ ဝင်အားကောင်းခဲ့

Mon, 02/27/2012 - 06:36 -- Anonymous (not verified)

ဘိလပ်မြေ ဝင်အားကောင်းခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၇၈၈၇၈ ဒသမ ၂၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခြောက်ဆယ့်ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၂၁၁၆၀ တန်၊ TPI တံဆိပ် ဘိလပ်မြေ ၆၁၂၁ ဒသမ ၃၅တန်နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ ၄၁၀၉၆ ဒသမ ၉၃ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဘိလပ်မြေတန်ချိန် ၁၀၅၀၀ မှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ခုနစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်ဝင်အားကောင်းခဲ့တယ်လို့ ဆိုရပါမယ်။MIRT (DOT)နယ်စပ်မှ ယခုအပတ် ဘိလပ်မြေ တန် ၃၇၀၀ ကျော် အသွင်းရှိတရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၆၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၃၇၂၉ တန်ကို ဖေဖော် ဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၁၅၉၁ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှု တွေကတော့ ကန်ပိုက်တီးမှ ၂၁၇၃ တန်၊ တာချီလိတ်မှ ၉၄၄ တန်၊ ကော့သောင်းမှ ၅၁၅ တန်နဲ့ မောင်တောမှ ၉၇ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)ဈေးကွက်အတွင်း ပုံမှန်ရောင်းအားရှိနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေ အရောင်းကောင်းတယ်လို့ သိရပါ တယ်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ပြုပြင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာတာကြောင့် ဘိလပ်မြေက ရောင်းအားရှိတယ်လို့ သိရပါတယ်။ ရောင်း အားရှိပေမဲ့လည်း ဈေးက အတက်အကျသိပ်မရှိဘူးလို့ အရောင်းဆိုင်မှ ဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ အရောင်းဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) က ၄၈၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) က ၄၁၅၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ အရောင်းပုံမှန်ရှိပြီး ဈေးက စိန်(ယိုးဒယား) ဈေးနည်းနည်း တက်နေတယ်လို့ သိရပါတယ်။ ဈေးတက်ရတာကလည်း ကားတင်ခဈေး တက်လို့ တက်ရတာပါလို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ စိန်(ယိုးဒယား)က ဈေးနည်း နည်းတက်ပြီး ခြင်္သေ့က ဈေးနည်းနည်းကျတယ်လို့  အဆိုပါတာဝန်ရှိသူမှ ဆိုပါ တယ်။ မြို့တော်နဲ့ နဂါးကတော့ ဈေးမပြောင်းဘဲ ရှိနေပါတယ်။ ဒီတစ်ပတ်ဈေးကွက် အတွင်းဖြစ်နေတဲ့ ဈေးက စိန်(ယိုးဒယား) က ၇၄၀၀ ကျပ်၊ ခြင်္သေ့ ၅၀၀၀ ကျပ်၊ မြို့တော်က ၄၅၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ သိရ ပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းရှိတယ်လို့ သိရပါ တယ်။ ပစ္စည်းအမှာများပေမယ့် ဈေးကပြောင်းလဲမှုမရှိဘဲ တန့်နေတယ်လို့ ဘိလပ် မြေ အရောင်းဆိုင်မှ တာဝန်ရှိသူကဆိုပါတယ်။ ဈေးကွက်မှာဖြစ်နေ တဲ့ဈေးက ဆင်(ယိုးဒယား) ၄၈၅၀ ကျပ်၊ စိန်(ယိုးဒယား) ၄၇၅၀ ကျပ်၊ ကျောက်ဆူး ၄၅၀၀ ကျပ်နဲ့ Blue Lion   ၄၅၀၀ ကျပ်၊ ကြံ့(နီ) ၄၂၀၀ ကျပ် ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်းတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေ ဈေးက ၁၀၀ ကျပ်ဝန်းကျင် အတက်အကျရှိတယ်လို့ သိရပါတယ်။ ပစ္စည်းကအဝင် များသလို အသုံးလည်းများတယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။ အသုံးရှိလို့ ဈေးကလည်း နည်းနည်းအပြောင်းအလဲရှိတယ်လို့ ပြောပါတယ်။ အေသုံးလုံးက ဈေးမပြောင်းဘဲ ၅၃၀၀ ကျပ်၊ မြန်မာဆင်က ၅၁၀၀ ကျပ်၊ ဆင်(ယိုးဒယား)က ၆၀၀၀ ကျပ်၊ စိန်(ယိုးဒယား)က ၅၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၄၇၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်ဈေးရှိတယ်လို့ စုံစမ်း သိရှိရပါတယ်။                                                                MIRT (DOT)