Main menu

Background

တရုတ်မှ ပဲပုပ်တင်သွင်းရန် သဘော တူညီလိုက်ပြီးနောက် ပဲပုပ်ဈေးနှုန်း များ အမြင့်ဆုံးသို့ ရောက်ရှိ

Mon, 02/27/2012 - 06:46 -- Anonymous (not verified)

အမေရိကန်ပြည်ထောင်စုမှ ပဲပုပ် တင်ပို့သူတွေက ပဲပုပ်တန်ချိန် ၂ ဒသမ ၉၂  သန်းကို တရုတ်ကို ရောင်းချခဲ့ပြီး နောက် အများဆုံးသော ကုန်သွယ်မှု အဖြစ် စံချိန်တင်ခဲ့ပြီး ပဲပုပ်ဈေးနှုန်းက ငါးလအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။ ဒါ့အပြင် ပြောင်းနဲ့ ဂျုံဈေးနှုန်းတွေလည်း တက် သွားခဲ့တယ်။ ချီကာဂိုကုန်သွယ်ရေးမှာ မေလသင်္ဘောတင်မယ့် ပဲပုပ်ဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်း ဈေးတက် ကာ တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၈၀၂၅ (တစ်တန်ကို ကန် ဒေါ်လာ ၄၇၀ ဒသမ ၃၆) နဲ့ ချုပ်ဆိုခဲ့ ရာ စက်တင်ဘာ ၂၃ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါတယ်။ စင်ကာပူမှာ ဖေဖော်ဝါရီ ၂၀ ရက် က စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်မှာ တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၇၅၇၅ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိတယ်။ ပြီးခဲ့တဲ့ ရက်သတ္တ ပတ် Iowa နဲ့ California   တို့မှာ စာချုပ် ချုပ်ဆိုခဲ့စဉ်က  တရုတ်မှ စုစု ပေါင်း ပြောင်းတန်ချိန် ၁၃ ဒသမ ၄ သန်းကို  ဝယ်ယူသွားဖို့  ပြောကြားခဲ့ ကြောင်း  အမေရိကန်  ပဲပုပ်တင်ပို့မှု ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားလိုက်တယ်။မေလ သင်္ဘောတင်မယ့် ပြောင်း ဈေးနှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်း ဈေးတက်ကာ တစ်ဘွတ်ရှယ်ကို ကန် ဒေါ်လာ ၆ ဒသမ ၄၆၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၅၄ ဒသမ ၄၃)  နဲ့ ချုပ်ဆိုခဲ့ပြီး ဂျုံကလည်း သုည ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်ကာ တစ်ဘွတ် ရှယ်ကို  ကန်ဒေါ်လာ ၆ ဒသမ ၄၈၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၃၈ ဒသမ ၂၆) နဲ့ ချုပ်ဆိုခဲ့ပါတယ်။Source: www.bloomberg.comအေးမွန်မွန်လှိုင်