Main menu

Background

ယခုတစ်ပတ် နှမ်းတင်ပို့မှု ပမာဏလျော့ကျ

Mon, 02/27/2012 - 06:47 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ပြည်ပကို နှမ်းတင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က နှမ်းရောင်စုံတန်ချိန် ၇၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁၃-၁၇ )အတွင်းမှာ တန်ချိန် ၄၆၀ ကျော်သာ လျော့ကျတင်ပို့ခဲ့ပါ တယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာ ပူနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။    နှမ်းရောင်စုံကို ပုံမှန်အားဖြင့်   Exporter များကို ကိုယ်တိုင်နယ်ဈေးကွက် အသီးသီးမှာ ဝယ်ယူလျက်ရှိပြီး ယခုတစ်ပတ်မှာတော့ ရန်ကုန် FOB  ဈေးကွက်မှာ နှမ်းတန်ချိန် ၁၀၀ ကျော် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB  ဈေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရပါတယ်။             MIRT - MAPT