ဆောင်းမြေပဲဆန်များကို ကံမဘက်မှ ရေလမ်းနဲ့ ပြည်ဈေးကွက်ကို တစ်နေ့ အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာပြီး၊ ရန်ကုန်ဝယ်လက်များနဲ့ ပြည် စက်သမားများက အဝယ်ရှိလို့ မြေပဲဆံဈေးမှာ ဖေဖော်ဝါရီလအတွင်း တစ်ပတ်ထက်တစ်ပတ် ဈေးမြင့် လာတာတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်များက မြေပဲလုံးဆန်များ အဝယ်ရှိသလို ပြည်ဆီစက်များက ဆီကြိတ်မြေပဲဆန်များအဝယ်ရှိလို့ တစ်နေ့ကို အိတ် ၁၅၀၀ ခန့် အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန် တစ်ပိဿာကို ၁၆၇၅ ကျပ်နဲ့ လုံးဆန်တစ်ပိဿာကို ၁၇၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ဝေေ၀မင်း
Background