Main menu

Background

စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းအပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီဈေးကျဆင်း

Mon, 02/27/2012 - 07:14 -- Anonymous (not verified)

    စားအုန်းဆီတင်ပို့မှု ပြန်လည်ကောင်းမွန်ခြင်းကြောင့် ဆုံးရှုံးမှုကန့်သတ်တဲ့တိုင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေရှိလို့ မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေး၊ ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျဆင်းခဲ့ပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ ဂရိကြွေးမြီ ကယ်တင်ငွေရရှိမှု ကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ပေမဲ့ ကာလရှည်စီးပွားရေးတိုးတက်မှု အလားအလာ ပေါ်ကိုတော့ စိုးရိမ်နေကြသေးတယ်လို့ သိရပါတယ်။     စားအုန်းဆီဈေးဟာ ပြင်ပဈေးကွက်အခြေအနေနဲ့အညီ ပြောင်းလဲနေရာ လက်ရှိအခြေအနေအရ စားအုန်းဆီဈေးက များများစားစား မကျဆင်းနိုင်ဘူးလို့ မလေးရှားမှ လေ့လာဆန်းစစ်သူတစ်ဦးကဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင် မှာ မေလအတွက် စားအုန်းဆီကြိုပွိုင့်ဈေးဟာ သုညဒသမ ၁ ရာခိုင်နှုန်းကျပြီး၊ တစ်တန်ရင်းဂစ် ၃၂၄၇ (ကန်ဒေါ်လာ ၁၀၇၄) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ ရင်းဂစ် ၃၂၉၄ (ကန်ဒေါ်လာ ၁၀၉၄) ဖြစ်ခဲ့လို့ ယခင်နှစ်ဇွန်လ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။     နည်းပညာလေ့လာဆန်းစစ်မှုအရ စားအုန်းဆီဈေးဟာ ရင်းဂစ် ၃၂၄၄-၃၂၉၂ (ကန်ဒေါ်လာ ၁၀၇၄-၁၀၉၀) အတွင်းမှာ ရှိနိုင်တယ်လို့ ရိုက်တာမှ လေ့လာ ဆန်းစစ်ပညာရှင် Wang Tao   မှပြောကြားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀ ရက်အထိ မလေးရှားစားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၂ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ အေဂျင်စီများထံမှသိရပါတယ်။ ယခုလပထမ ၁၅ ရက်အတွင်း ဝယ်လိုအားက ယခင်လထက် ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဆိုပါတယ်။    ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးခြင်းအပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုက အခြားဟင်းသီးဟင်းရွက်ဆီ ဈေးကွက်ကိုပါ ဖိအားဖြစ်စေပါတယ်။ မတ်လအတွက် အမေရိကန်ပဲပုပ်ဆီစာချုပ်ဈေးဟာ သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တရုတ် နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၂ စက်တင်ဘာလ ပဲပုပ် စာချုပ်ဈေးကလည်း သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့သိရပါတယ်။ယုဇန၊Source: Reuters