Main menu

Background

တန်ဇန်းနီးယား ကုမ္ပဏီတစ်ခုမှ အိန္ဒိယမှာ ပဲပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအတွက် ရူပီးကုဋေ ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်

Mon, 02/27/2012 - 07:25 -- Anonymous (not verified)

တန်ဇန်းနီးယားအခြေစိုက်  ကုန်သွယ်ရေးအုပ်စု    ETG နဲ့ မွန်ဘိုင်းမှ Coronation  Group တို့  ဖက်စပ်ဆောင်ရွက်နေတဲ့ETG  Agro ကုမ္ပဏီဟာ အိန္ဒိယပဲမျိုးစုံ ပြုပြင်ထုတ်လုပ်တဲ့ နေရာမှာ ရူပီး ၁၀၀ ကုဋေ (ကန်ဒေါ်လာ ၂၀ ဒသမ ၃၁ သန်း)ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ယင်းကုမ္ပဏီဟာ ဂူဂျာရတ်နဲ့ မဟာရပ် ရှတရာမှာ ပဲပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုစီကို မကြာမီ စတင် ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။၎င်းင်းတို့အနေနဲ့ ယခုနှစ်အတွင်း ပဲပြုပြင်ထုတ်လုပ်တဲ့ စက် နှစ်စက်တည်ထောင်မှာဖြစ်ပြီးနောက် နှစ်နှစ်ကျော်မှာ စက်လေးလုံး တည်ထောင်သွားမယ်လို့ ETG  Agro  MD  Vijay  Doshi   မှ ပြောကြားပါတယ်။ ယခုအချိန်ထိ ရူပီး ၁၅-၂၀ ကုဋေ (ကန်ဒေါ်လာ ၃ ဒသမ ၀၄၆ သန်း - ၄ ဒသမ ၆၀၂ သန်း) ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း သိရပါတယ်။ ယင်းကုမ္ပဏီဟာ Nadia  နဲ့ ဂူဂျာရတ်မှာ ၂၀၀၉ ခုနှစ် ကတည်းက ဂျုံပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုလည်ပတ်နေပြီဖြစ်ပါ တယ်။ ပဲပြုပြင်ထုတ်လုပ်တဲ့ စက် နောက်ထပ် လေးလုံးကို အိန္ဒိယ အရှေ့ဘက်နဲ့ တောင်ပိုင်းမှာ တည်ထောင်သွားမယ်လို့ ဆိုပါတယ်။အာဖရိက အဓိက ပဲစင်းငုံခွဲခြမ်းကို အိန္ဒိယမှာ ဝယ်လိုအား ကောင်းနေတာကြောင့် ယခုလို စက်များတိုးချဲ့လည်ပတ်ဖို့ ဆုံးဖြတ်ရ ခြင်းဖြစ်တယ်လို့ Doshi  ကဆိုပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း အာဖရိ ကပဲမျိုးစုံ တန်ချိန် ၃၅၀၀၀၀ တင်သွင်းခဲ့တဲ့အနက် ပဲစင်းငုံတန်ချိန် ၁၉၀၀၀၀ နီးပါး ပါဝင်ပါတယ်။Doshi   ပြောကြားချက်အရ အာဖရိကမှ ပဲမျိုးစုံတင်သွင်းမှုဟာ ၂၀၁၅ မှာ တန်ချိန် ၆ သိန်းအထိ တိုးတက်နိုင်တယ်လို့ သိရပါတယ်။ဂူဂျာရတ်မှာတည်ထားမယ့် စက်ရုံရဲ့ ထုတ်လုပ်နိုင်မှုဟာ တစ် နာရီ ၈ တန်ဝန်းကျင်ရှိပြီး မဟာရပ်ရှတရာမှစက်ကတော့ တစ်နာရီ တန် ၂၀ ကျ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ယင်းကုမ္ပဏီဟာ အာဖရိကအရှေ့ တန်ဇန်းနီးယား၊ မာလာဝီ၊ မိုဇမ်းဘစ်တို့က ကုလားပဲ နဲ့ ပဲစင်းငုံများ တင်သွင်းဖွယ်ရှိပါတယ်။ ယင်းကုမ္ပဏီဟာ ယခုနှစ်ကုန် ပိုင်းမှာ အိန္ဒိယဈေးကွက်အတွင်း Naturz  အမည်တံဆိပ်နဲ့ ပဲစင်းငုံ ခွဲခြမ်းများ စတင်ဖြန့်ဝေဖို့လည်း စီစဉ်ထားကြောင်း  Doshi  က ပြော ကြားပါတယ်။အာဖရိကရဲ့ ပဲထုတ်လုပ်မှုဟာ ဆက်လက်ကြီးထွားလျက်ရှိရာ နောက်နှစ်အနည်းငယ်အတွင်း အိန္ဒိယကို ပဲစင်းငုံ အကြီးမားဆုံး ရောင်းချသူဖြစ်လာမယ်လို့Export  Trading  Group ရဲ့ MD  Ketan  Patel   မှ မွန်ဘိုင်းမှာကျင်းပတဲ့ ကမ္ဘာ့ပဲညီလာခံမှာ ပြော ကြားခဲ့ပါတယ်။ယမင်းခင်Source: Business  standard