Main menu

Background

မတ်ပဲ

Mon, 02/27/2012 - 07:27 -- Anonymous (not verified)

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်           ယခု        ပြောင်းလဲမှု၁    ဘုရင့်နောင်        ၁ တန်        ၄၃၄၀၀၀     ၄၂၂၀၀၀        ၂    မုံရွာ                 ၁ ပိဿာ        ၆၆၀            ၆၄၅            ၃    ပြည်                 ၁ ပိဿာ        ၆၇၅           ၆၆၀    ၄    ဟင်္သာတ          ၁ ပိဿာ         ၆၈၅           ၆၈၅            ၅    မန္တလေး           ၁ ပိဿာ         ၆၅၈           ၆၅၈        မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိတ်စပို့ ဝယ်လက်တွေက ဈေးချအဝယ်ရှိပေမယ့် အရောင်းအဝယ်တော့ ပုံမှန် ရှိခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကို ဈေးကွက်စဖွင့်ချိန်မှာ အိတ်စပို့ ဝယ်လက်က ဈေးပေးအဝယ်ရှိပေမယ့်နောက်ပိုင်းမှာ ပြည်ပဈေးကွက် ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ဝယ်ယူမှုတွေရှိလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၂၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၂၅၀၀ ကျပ်အတွင်းတန် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်၊ မြို့ခံပဲခွဲစက်သမား များနဲ့ အမှုန့်ကြိတ်စက်များကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၅၈ ကျပ် (တစ်တန်ကို ၄၀၂၉၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ် ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲကို မြို့ခံပဲခွဲစက်များနဲ့ မြို့ပေါ်လက်လီပြန်လည်ရောင်းချမည့်သူများက တစ်ပိဿာကို ၆၄၅ ကျပ် (တစ်တန်ကို ၃၉၄၉၉၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ နေသေးတယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲသစ် တွေဈေးကွက်သို့ အဝင်များလာသလို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားသွက်နေပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေး ကွက်ကို မကွေးတိုင်းဒေသကြီး ကံမ၊ အောင်လံအနီးအနားရွာများမှ မတ်ပဲသစ်တွေ အဝင်ပုံမှန်ရှိသလို မြို့တွင်းဝယ်လက်နဲ့ ရန်ကုန်ဝယ် လက်ကလည်း ဝယ်အားများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။