ပြောင်း

ပြောင်း    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု ၁    တောင်ကြီး      ၁ ပိဿာ          ၂၈၅      ၂၈၅             ၂    လားရှိုး          ၁ ပိဿာ           ၃၄၅      ၃၄၅             ၃    မူဆယ်          ၁ တန်      ၂၄၂၅၀၀     ၂၄၆၉၉၅     ၄    မန္တလေး        ၁ ပိဿာ           ၃၃၃       ၃၃၃ ၅    မြင်းခြံ          ၁ ပိဿာ            ၃၂၀       ၃၂၀ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်များဝယ်အားပုံမှန်ရှိ    တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်ဝယ်လက်နဲ့ ဒေ သတွင်းအစာစပ်များ ဝယ်အားပုံမှန်ရှိပြီး မန္တလေးအဆွဲက နည်းသွား တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၈၆၂၀၂ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကိုမြို့ခံ လှောင်လက်တွေ ထုတ်ရောင်းမှုရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားများခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်း ကိုတရုတ်အဆွဲနည်းသွားပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၃၃ ကျပ်နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။