ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၁၆ ၇၈၉ ၂ မန္တလေး ၁ ပိဿာ ၈၅၃ ၈၅၃၃ ပြည် ၁ ပိဿာ ၇၅၅ ၇၅၀ ၄ မကွေး ၁ ပိဿာ ၇၈၅ ၇၁၅ ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေ ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို အိတ်စပို့ ဝယ်လက်တွေက အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ဿာကို ၉၇၀ ကျပ်(တစ်တန်ကို ၅၉၄၀၁၈ ကျပ်)နဲ့ တစ်ပတ်အတွင်း တန် ၆၂၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကဈေးကွက် သို့ အဝင်ပုံမှန်ရှိနေတယ်။ အိတ်စပို့ဝယ်လက်က အရည်အသွေးလို နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် အခုလိုဈေး တွေကျလာရတာဖြစ်တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)ကို တရုတ်ဝယ်လက်က အ ရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၄၀ ကျပ် (တစ်တန်ကို ၆၃၆၈၈၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀၀ ခန့်သာအ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(အညာ) (အလတ်စ)ကိုလည်း တရုတ်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ တစ်ရက် ကိုအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်များကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ်လက်က ဈေးချအဝယ် ရှိသလို ဝယ်အားပါနည်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၇၁၅ ကျပ်(တစ်တန်ကို ၄၃၇၈၅၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းအဝင်နည်းလာပေမယ့် ရန်ကုန်အဆွဲကတော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်) နဲ့ တစ်ပတ်အတွင်း အိတ် ၇၀၀ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။
Background