Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Mon, 02/27/2012 - 07:32 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ   ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး          ၁ ပိဿာ    ၈၆၂      ၈၂၇                     ၂    မကွေး            ၁ ပိဿာ    ၈၀၅      ၇၆၈         ၃    ပခုက္ကူ            ၁ ပိဿာ      ၈၇၃      ၈၅၀        ၄    မုံရွာ               ၁ ပိဿာ      ၇၈၉      ၇၃၇        ၅    အောင်လံ        ၁ ပိဿာ      ၇၅၀      ၇၆၅        ၆    မြင်းခြံ            ၁ ပိဿာ      ၈၂၅      ၈၂၀    ၇    ပြည်              ၁ ပိဿာ      ၈၁၅      ၇၈၅ထိုင်ဝမ်(ကုလားပဲ) ဈေးကျလာ    မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ် အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၂၇ ကျပ်(တစ်တန်ကို ၅၀၆၄၄၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်များနဲ့ အမှုန့်ကြိတ် စက်များက ဝယ်အားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၆၈ ကျပ်(တစ်တန်ကို ၄၇၀၃၁၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ မြို့ခံခွဲစက်များက ကုလားပဲ ကို တစ်ပိဿာ ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ တစ်ရက် ကိုအိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေး ကွက်မှာ မြို့ခံပဲခွဲစက်တွေနဲ့ ဒေသတွင်းအမှုန့်ကြိတ်စက်များက ကုလားပဲကို ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ဆိုပါတယ်။  အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၅ ကျပ်  (တစ်တန်ကို ၄၈၀၇၂၆ ကျပ်)နဲ့နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို အိတ်စပို့အဆွဲအေးပေမယ့် ဒေသတွင်းခွဲစက်များ၊ အမှုန့် ကြိတ်စက်များနဲ့ ကြာဇံထုတ်လုပ်တဲ့စက်ရုံများမှ ဝယ်အားများလာ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၃၇ ကျပ်(တစ်တန်ကို ၄၅၁၃၃၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။