ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၀၅၀၀၀ ၄၉၇၀၀၀ ၂ မန္တလေး ၁ ပိဿာ ၇၅၀ ၇၅၀ ၃ မုံရွာ ၁ ပိဿာ ၇၃၅ ၇၄၀ ၄ ပခုက္ကူ ၁ ပိဿာ ၇၅၃ ၇၅၀ ၅ မြင်းခြံ ၁ ပိဿာ ၇၄၅ ၇၄၀ ၆ အောင်လံ ၁ ပိဿာ ၇၅၀ ၇၄၅ ၇ မကွေး ၁ ပိဿာ ၇၄၅ ၇၄၀ ၈ ပြည် ၁ ပိဿာ ၇၆၀ ၇၅၀ ပဲစင်းငုံနီအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (သစ်) ရော (ဟောင်း) ပါ အိတ်စပို့ဝယ်လက်က အောက်ဈေးနဲ့အဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပေမယ့် အရောင်းအဝယ် တော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ငုံနီသစ်ကို ဈေးကွက်စဖွင့်ချိန် မှာ အိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိပေမယ့် နောက်ပိုင်း မှာဈေးကွက်သို့ ပစ္စည်းအဝင်လှိုင်တဲ့အပေါ် ဈေးနှိမ်ပြီး အဝယ်ရှိတာ ကြောင့် ပဲဈေးတွေကျလာတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီ(သစ်) တစ်တန်ကို အနိမ့်ဆုံး ၄၉၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၀၃၀၀၀ ကျပ်အတွင်း၊ ပဲစင်းငုံနီ (ဟောင်း) တစ်တန်ကို အနိမ့်ဆုံး ၄၅၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၇၀၀၀၀ ကျပ်အတွင်း စုစုပေါင်း တန် ၄၈၆၅ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် နဲ့မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၄၀ ကျပ် (တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်မှုများခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့အဝင်လှိုင်နေသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၄၀ ကျပ် (တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)ရော (ဟောင်း) ပါသူ့ဈေးနဲ့သူ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက ငုံနီ(သစ်)တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ငုံနီ(ဟောင်း) တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံ ကုန်သည် တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၇၄၅ ကျပ်(တစ်တန်ကို ၄၅၆၂၃၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက် မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးကွက်အဝင်ရှိသလောက် အဝယ်ရှိခဲ့လို့ ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှုပမာဏပို များလာတယ်လို့ ဆိုပါတယ်။ ပဲကအဝင်လှိုင်နေတယ်။ ရန်ကုန်အဆွဲ ကလည်း များပေမယ့် ဈေးကတက်မလာသေးဘူးလို့ မြို့ခံပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၄၀ ကျပ်(တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
Background