ထိုင်းနိုင်ငံ Department of International Trade Promotion မှ လက်ထောက်အထွေထွေမန်နေဂျာ Mr. Somdet Susomboon ဦးဆောင်တဲ့ ထိုင်းကုမ္ပဏီ ၂၇ ခုမှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အဖွဲ့ဝင် ၄၀ ကျော် ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားကုန်သွယ်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဖေဖော် ဝါရီလ ၂၂ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါတယ်။ အဆိုပါကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းအလိုက် တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက် RUMFCCI ပထမထပ်ရှိ ကွန်ဖရင့်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ တွေ့ဆုံပွဲအခမ်းအနားမှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်းနှင့် ထိုင်းအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ လက်ထောက်အထွေ ထွေ မန်နေဂျာ Mr. Somdet Susomboon တို့မှ အဖွင့်အမှာစကားများ မြွတ်ကြားခဲ့ကြပါတယ်။ ထိုင်းစီးပွားရေးုလုပ်ငန်းရှင်များအဖွဲ့သည် လျှပ်စစ်နှင့် လျှပ်စစ်ဆိုင်ရာအပိုပစ္စည်းအမျိုးမျိုး၊ ပလတ်စတစ် အမျိုးမျိုး၊ ပလတ်စတစ်ထုပ်ပိုးမှုလုပ်ငန်း၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံး ပစ္စည်း၊ စားသောက်ကုန်များ၊ အိမ်တွင်းအလှ ဆင်ပန်း ပစ္စည်းများ၊ ရော်ဘာပစ္စည်းအမျိုးမျိုး၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုးနဲ့ မော်တော် ယာဉ် အပို ပစ္စည်းထုတ်လုပ်သူများသည် မြန်မာစီးပွားရေးလုပ်ငန်းရှင် များနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံခဲ့ကြပါ တယ်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၇၀ ဦးခန့် တက်ရောက်ခဲ့ ပြီး စားသောက်ကုန်၊ ပလတ်စတစ်ပစ္စည်းအမျိုးမျိုး၊ မော်တော် ယာဉ်အပိုပစ္စည်းများ၊ ရော်ဘာပစ္စည်းအမျိုးမျိုး၊ ပလတ်စတစ် ထုပ်ပိုးမှုလုပ်ငန်းများကို စိတ်ဝင်စားမှုရှိတာ တွေ့ရပါတယ်။ ရင်ငြိမ်းအေး
Background