ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှာ နိုင်ငံတော်အရန်ဆန်အတွက် အဝယ် စခန်းများဖွင်ပြီး စပါးဝယ်ယူနေမှုများကို ပဲခူးတိုင်း အနောက်ပိုင်း တာဝန်ခံ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်း အောင်နဲ့ အဖွဲ့ဟာ ၂၀၁၂ ဖေဖော်ဝါရီ လ ၁၆၊ ၁၇ ရက်များမှာ တိုင်းဝယ်ယူ ရေး ကြီးကြပ် ကော်မတီဝင်များနဲ့အတူ အဝယ်စခန်းများ စစ်ဆေးခြင်း၊ စာရင်း ဇယားများနဲ့ ကုန်ပစ္စည်းများ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အရန် ဆန်ဝယ်ယူရေး လုပ်ငန်းကော်မတီဝင် များနဲ့ ဝယ်ယူရေးနဲ့ကြိတ်ခွဲရေး ဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲမှာ ဦးရဲမင်းအောင်မှ တိုင်းအတွင်း နိုင်ငံတော်အရန်ဆန် အတွက် စပါးဝယ်ယူလျက်ရှိရာ ယခု အခါ စပါးတင်းပေါင်း ၂ သိန်းခန့် ဝယ် ယူ ရရှိပြီးဖြစ်သကဲ့သို့ ဒေသတွင်း စပါး ဈေးမှာလည်းစပါးအမျိုးအစားနဲ့အရည် အသွေးပေါ်မူတည်ပြီး တင်း ၁၀၀ ကို ကျပ် ၃၃၀၀၀၀ ဈေးနှုန်းအထိရှိလာပြီ ဖြစ်ကြောင်း၊ ဝယ်ယူရေးမှာ တာဝန်ရှိသူ များ အနေနဲ့ တောင်သူထံမှသာ တိုက်ရိုက်ဝယ်ယူရန် လိုပါကြောင်း၊ ဝယ်ရစပါးများကိုလည်း အမြန်ကြိတ်ခွဲဖို့ လိုအပ်ကြောင်းနဲ့ ကြိတ်ခွဲစဉ် အရည် အသွေးမီ ဆန်ကြိတ်ခွဲနိုင်ရန်အတွက် ဆန်စစ်ဆေးရေးအဖွဲ့ SGS များ စေလွှတ်ပြီး ကြီးကြပ်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါ တယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ၁၄ မြို့နယ်မှာ နိုင်ငံတော်အရန်ဆန် ဝယ်ယူရေး အတွက် စပါးစိုက်ဧက ၁ သိန်းနဲ့အထက်မြို့နယ်များမှာ ဝယ်ယူဖို့ ကျပ်သိန်း ၁၅၀၀ နဲ့ စိုက်ဧက ၁ သိန်းအောက်ရှိမြို့နယ်များမှာ ကျပ်သိန်း ၁၀၀၀ စီလျာထားပြီး၊ ဧည့်မထအုပ်စုဝင် စပါး ၄၆ ပေါင်ကိုက် တင်း ၁၀၀ ကို ၃၃၀၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူမှာ ဖြစ်ပါ တယ်။ ဝယ်ယူမယ့် စပါးအရည်အချင်းနဲ့ ပတ်သက်ပြီး စစ်ဆေးရာမှာ စပါးတင်း ၁၀၀ ကို ဧည့်မထ ၂၅ ရာခိုင်နှုန်း အဆင့်မီ ၁၁၀ ဒသမ ၀၅ ပေါင်အလေး ချိန်ပါ ဆန် ၂၅ အိတ်နှုန်းကြိတ်ခွဲရရှိ နိုင်မယ့် စပါးများကို ဝယ်ယူရန်နဲ့ အဖျင်း၊ အမှော်၊ ဖုံ၊ သဲ၊ ခဲ၊ အစိုဓါတ်၊ မျိုးကွဲ၊ ဆန်နီ၊ ဆစ်ကျိုးစတဲ့ စပါးမှာ ပါဝင်တဲ့ အရည်အချင်းအလိုက် ဝယ်ယူ ရေးကော်မတီရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်နဲ့ ပေါင်ပိုချိန်တွယ် လက်ခံဝယ်ယူရန်နဲ့ အခြေခံဈေးနှုန်းကို မထိခိုက်စေဖို့ နိုင်ငံ တော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီမှ ညွှန်ကြားထားကြောင်း သိရှိရပါတယ်။ လှဦး
Background