သစ်သီးဝလံများ တန်ဖိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှု သင်တန်းနဲ့ အလုပ်ရုံဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၆ ရက်များမှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သိပ္ပံလမ်းနဲ့ ၇၃ လမ်းဒေါင့်ရှိ မြန်မာ့စိုက်ပျိုးရေးရုံးမှာ ကျင်းပမှာ ဖြစ် ကြောင်း သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲရဲ့ နံနက်ပိုင်းမှာ သင်တန်းပို့ချပြီး နေ့လည်ပိုင်းမှာ ဆွေး နွေးပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ သင်တန်းမှာ သင်ကြားပို့ချမယ့် ဘာသာရပ်များမှာ ပါကင်ထုပ်ပိုးမှုနဲ့ သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးထုတ်လုပ်မှုများ ကို မြန်မာ့ စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန်မှ ပညာရှင်များ၊ သင်တန်းပို့ချမှာဖြစ်ပါတယ်။ ၎င်းင်းသင်တန်းကို လယ်ယာထွက်ကုန်၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ သစ်သီးဝလံ အသင်း(မန္တလေး)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သစ်သီးဝလံနဲ့ပန်းမန် စိုက်ပျိုး ရောင်းချသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရပါတယ်။ သစ်သီးဝလံများ တန်ဖိုးမြှင့်စိုက်ပျိုးထုတ်လုပ်မှု သင်တန်းနဲ့ အလုပ်ရုံ ဆွေး နွေးပွဲကို ၂၀၁၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး၊ သစ်သီးဝလံများ ဈေးကွက်ကောင်းလာစေဖို့ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်း တတ်စေရန်နဲ့ အန္တရာယ်ကင်းတဲ့ အစားအသောက်များ ထုတ်လုပ်လာနိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကို စိတ်ဝင်စားပြီး တက်ရောက်လိုပါက ဖုန်း ၀၂-၃၆၃၄၀၊ ၀၉- ၉၁၀၁၃၁၅၄၊ ၀၉-၂၀၁၃၃၈၉၊ ၀၉-၆၈၀၆၁၅၂ တို့ကို ဆက်သွယ်စာရင်းသွင်းနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး
Background