နိုင်ငံတော်အရန်ဆန် ဝယ်ယူရေး အတွက် မြို့နယ်ဆန်စပါးလုပ်ငန်း အသင်းရဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှာမြို့နယ်ဆန်စပါးလုပ်ငန်းအသင်း ရုံး ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ယင်းအစည်းအဝေးမှာ မြို့နယ် ဆန်စပါး လုပ်ငန်းအသင်း ဥက္ကဌ ဦးဌေးကြွယ်မှ မြို့နယ်အရန်ဆန် ဝယ် ယူရေးအတွက် ဗဟိုအသင်းမှ လမ်း ညွှန်ချက်များ၊ နည်းလမ်းများ၊ ဝယ်ယူ ရေးမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းများ၊ မြို့နယ်အတွင်းမှာ မိုးစပါး(ဧည့်မထ) မရှိသလောက်ဖြစ်နေတာကြောင့် နွေ စပါးပေါ်ချိန်မှာ ဝယ်ယူနိုင်ရေး၊ နွေစပါး အများဆုံး စိုက်ပျိုးတဲ့ ကျေးရွာအုပ်စု များမှာ အဝယ်ဒိုင် ဖွင့်လှစ်ဆောင်ရွက် ရေး၊ စပါးဝယ်ယူရာမှာ သိရှိရမယ့် အချက်များ၊ ဈေးနှုန်း၊ စပါးအရည် အချင်း သတ်မှတ်ချက်မျာကို ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် အမှုဆောင်များမှ တွေ့ကြုံနိုင်တဲ့ အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ရေး၊ အဝယ်ဒိုင် ၃ ဒိုင်ဖွင့်လှစ်ခြင်းနဲ့ အဝယ်ဒိုင်သတ် မှတ် ခြင်း၊ ဒိုင်ကြီးကြပ်ခြင်းအတွက် အမှု ဆောင်များ တာဝန်ပေးအပ်ခြင်းတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါတယ်။TPIS
Background