ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ အစီအမံနဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ပါ အသေးစားပုဂ္ဂလိကငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်း ၂၀၀၀ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၄ အုပ်စုမှ တောင်သူလယ်သမား ၄၀၀၀ အား တစ်ဦး ၅၀၀၀၀ ကျပ်နှုန်းဖြင့် ယခုလမှ စတင်ထုတ်ချေးမှာဖြစ်ပြီး ရှစ်လအတွင်း သတ်မှတ်ထားတဲ့ အတိုးနဲ့အတူ ပြန်လည် ပေးအပ်ရမှာဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ် အနက် ကျန်လုပ်ငန်းစဉ်များကိုလည်း စတင်အကောင်အထည်ဖော်နိုင်ရန် ငွေ ကြေးအရင်းအနှီး၊ ပံ့ပိုးထောက်ပံ့ပစ္စည်းများနဲ့ နည်းပညာများကို စောင့်မျှော်လျက်ရှိ ကြောင်း သိရပါတယ်။ MMA
Background