Main menu

Background

ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန်တန် ၃၄၀၀ ကျော် တင်ပို့နိုင်

Mon, 02/27/2012 - 07:49 -- Anonymous (not verified)

    မြဝတီနယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၄၂ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းနဲ့ ဘီလား ၁၀၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ အေးခဲကင်းမွန်၊ အေးခဲကဏန်းနီ၊ အေးခဲပုစွန်၊ အေးခဲ ကဏန်းပျော့၊ ငါးအသားလွှာ၊ ငါးမှုန့်၊ ကဏန်းအသေး(အသေ)၊ ငါးခြောက်၊ ပုစွန်ခြောက်နဲ့ ရွှံ့ကဏန်း (အရှင်)များ ၂၀၃၉ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇၀ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ကော့သောင်း နယ်စပ်မှ ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ ပုစွန်၊ ငါးဆားနယ်နဲ့ ခရု ၁၂၇၉ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုည ဒသမ ၈၆၉ သန်းဖိုးအပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်မှ ယခု ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်ထိကာလမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၈၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၄၂၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)