မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၇၆ တန်ကျော် အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ ကန် ဒေါ်လာ သုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၃ ဒသမ ၂၉ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် တင်ပို့တဲ့ ပရဆေး ကုန် ကြမ်းတွေကတော့ ဆီးဆန်၊ မန်ကျည်းမှည့်(အစေ့ပါ)၊ မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစား ဂမုန်း၊ ဝဥခြောက်၊ ကြောင် ပန်းစေ့၊ ကြောင်လျှာစေ့၊ နေလဲစေ့၊ ရွေးစေ့၊ ခပေါင်းစေ့နဲ့ ဒရင်ကောက်မြစ်တို့ဖြစ်ပြီး ယခင်အပတ်ကထက် ဆီးဆန်၊ မန်ကျည်းမှည့်(အစေ့ပါ)၊ မိချောင်း ကွမ်းဖတ်စေ့၊ ကွမ်း စားဂ မုန်း၊ နေလဲစေ့နဲ့ ရွေးစေ့တို့ အပို့ပိုခဲ့ပါတယ်။ တမူးနယ်စပ်မှ ဇာတိဖ္ပိုလ်သီး၊ သိုင်းမော်၊ မင်သော်နဲ့ ဟင်းရိုင်းဖြူတို့ အသွင်း ရှိခဲ့ပါတယ်။ MIRT (DOBT)
Background