မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၀၀၁ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၁၄၈ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်မှ၂၁ ရက်ထိကာလအတွင်း အပို့ရှိ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ တန် ၆၈၀၀ ကျော်၊ ချင်းရွှေဟော်မှ ၃၂၂ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၂၆ တန် အသီး သီးဖြစ်ပါတယ်။ ယခင်အပတ် ကထက် ၁၃၂၅ တန် လျော့နည်းတင်ပို့ခဲ့ပြီး မူဆယ်မှ ၄၈တန်၊ချင်းရွှေဟော်မှ ၇၄၉ တန်နဲ့ ကန်ပိုက်တီးမှ ၅၂၇ တန် အသီးသီး လျော့ နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက် ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေး အနည်းငယ် မျှ ယခင်အပတ်ကထက် မြင့်တက်လျက်ရှိပြီး နှံစားပြောင်းဈေးကတော့ ယခင် အပတ်ကထက် ကျပ် ၁၅၀၀၀ ကျော် လျော့နည်းလျက် ရှိပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၇၂၄၆၁ ၂၆၉၁၃၂ ၃၃၂၉ ၁ ၃၁၄ ၃၁၁ ၃ ၁နှံစားပြောင်း ၂၈၀၇၁၆ ၂၉၆၀၉၃ ၁၅၃၇၇ ၅ ၃၈၁ ၃၈၁ - -MIRT (DOBT)
Background