Main menu

Background

အာဂျင်တီးနားမှ ပြောင်းတင်သွင်းဖို့ တရုတ်နိုင်ငံမှ သဘောတူစာချုပ်ချုပ်ဆို

Mon, 02/27/2012 - 08:30 -- Anonymous (not verified)

    အာဂျင်တီးနားနိုင်ငံမှ ပြောင်းတင်သွင်းဖို့ တရုတ်နိုင်ငံက သဘောတူစာချုပ် တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ တယ်လို့ အာဂျင်တီးနားစိုက်ပျိုးရေးဝန်ကြီးဌာနက ၎င်းင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီမှုက  တရုတ်နိုင်ငံဟာ အမေရိကန်က ဝယ်ယူတာထက် အခြားနိုင်ငံကို ပြောင်းလဲဝယ်ယူမှုတစ်ခုဖြစ်လာခဲ့ တယ်လို့ ဆိုပါတယ်။ ဝယ်လိုအားကောင်းနေတဲ့ တရုတ်နိုင်ငံဟာ လာမယ့်နှစ်များမှာ ထူးခြားတဲ့တင်သွင်းသူဖြစ်လာမှာဖြစ်ပြီး၊၂၀၁၂ ခုနှစ်အတွင်းမှာ ပြောင်းတင်သွင်း မှုကတန်ချိန် ၃သန်းအထိရှိလာနိုင်တယ်လို့လည် ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။    ပြောင်းဝယ်ယူမှု သဘောတူညီချက်က ၂ ဖက်စလုံးမှာ ပြောင်းထုတ်လုပ်မှုနဲ့ ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံဖို့ လမ်းကြောင်းပေါ်လာနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်ကုမ္ပဏီများစွာဟာ အာဂျင်တီးနား ပြောင်းလုပ်ငန်းမှာ ရင်းနှီးဖို့ စဉ်းစား လေ့လာနိုင်တယ်လို့ ဘေဂျင်း Orient  Agribusiness  Consultant  မှ ဝါရင့်လေ့လာဆန်းစစ်ပညာရှင် Ma  Wenfeng  က ဆိုပါတယ်။    တရုတ်နိုင်ငံဟာ ၂၀၁၀ မတိုင်မီထိ ပြောင်း ဖူလုံခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ ယခင်နှစ်များထက်၁၇ဆပိုမိုပြီး၊ ပြောင်းတန်ချိန် ၁ ဒသမ ၅၇ သန်းတင်သွင်း ခဲ့ရတယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စာရင်းများအရ သိရပါ တယ်။ ၂၀၁၁ ခုနှစ်မှာ ၁၁ ရာခိုင်နှုန်းတိုးပြီး၊ တန်ချိန် ၁ ဒသမ ၇၅ သန်း တင် သွင်းခဲ့ရတယ်လို့  သိရပါတယ်။ မြို့ပြလူဦးရေ အရှိန်အဟုန်နဲ့ တိုးလာတာကြောင့် ပြောင်းစားသုံးမှုကလည်းကြီးထွားလာခဲ့တယ်လို့လေ့လာဆန်းစစ်သူများကဆိုပါတယ်။    ယခင်နှစ်ကုန်ပိုင်းမှာ မြို့ပြလူဦးရေဟာ ကျေးလက်ဒေသထက် ပထမအကြိမ် ကျော်လွန်လာခဲ့ရာ စုစုပေါင်း လူဦးရေရဲ့ ၅၁ ဒသမ ၂၇ ရာခိုင်နှုန်းရှိလာတယ်လို့ နိုင်ငံတော်စာရင်းအင်း ဗျူရိုစာရင်းအရ သိရပါတယ်။ မြို့ပြနေ ပြည်သူများဟာ ကျေးလက်ပြည်သူတွေထက် အသားနဲ့ ဆီကို ပိုမိုစားသုံးလာတာကြောင့် အသား ထုတ်လုပ်ဖို့ တိရစ္ဆာန်အစာအတွက် ပြောင်းကို ပိုမိုသုံးစွဲလာကြခြင်းဖြစ်တယ်လို့ တရုတ် လူမှုသိပ္ပံတက္ကသိုလ်ရဲ့ ကျေးလက်ဖွံ့ဖြိုးရေး ကျောင်းမှ သုတေသနပညာရှင် Hu  Bingchuan  က ပြောကြားပါတယ်။    ပြောင်းတင်သွင်းမှု ဆက်လက်တိုးတက်ဖွယ်ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ ၂၀၁၁-၁၂ မှာ တန်ချိန် ၄ သန်းမှ ၂၀၁၂-၁၃ မှာ တန်ချိန် ၇ သန်းအထိ ခုန်တက်နိုင်တယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့က Rabobank  International  မှ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အချို့လေ့လာဆန်းစစ်သူများက အဲဒီလို တိုးတက်မှုအပေါ် သံသယဖြစ်နေကြပါတယ်။ ၂၀၁၁ မှာ တရုတ်နိုင်ငံက ပြောင်းအမြောက်အမြားထွက်ရှိခဲ့တယ်။ ဒါကြောင့်  တင်သွင်းမှု လျော့ကျလိမ့်မယ် လို့ Ma  က ဆိုပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းဈေးကွက်များအကြား ဈေးနှုန်း ကွာခြားမှုက အလွန်ပဲနည်းတာကြောင့် ပြောင်းတင်သွင်းမှုမြင့်တက်ဖို့ တွန်းပို့နေ တယ်လို့ ဆိုပါတယ်။ ယခုနှစ် တင်သွင်းမှုက ယခင်နှစ်ပမာဏကနေ အများကြီး ပြောင်းလဲမှုမရှိနိုင်ပါဘူးလို့လည်း ၎င်းင်းက ထပ်လောင်းပြောကြား ပါတယ်။     တရုတ်နိုင်ငံဟာ ၂၀၁၁ မှာ ပြောင်းတန်ချိန် ၁၉၂ သန်းထွက်ရှိခဲ့လို့ ယခင်နှစ် ထက် ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၂၀၁၁ အတွင်း သီးနှံစုစုပေါင်း ထွက်ရှိမှုက ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုပြီး၊ တန်ချိန် ၅၇၁ သန်း ရှိတယ်လို့လည်း သိရပါတယ်။                                  ယမင်းခင်၊ogrimoney.com