Main menu

Background

ရော်ဘာတင်ပို့မှု နှစ်ဆနီးပါးတက်

Mon, 02/27/2012 - 08:34 -- Anonymous (not verified)

     ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၃ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၇ ဒသမ ၉၅ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို တန် ၈၀၀၊ အိန္ဒိယကို တန် ၂၀ နီးပါး၊ စင်ကာပူကို တန် ၁၀၀ ကျော် ဗီယက်နမ်ကို၂၆၅ တန်နဲ့ မလေးရှားကို ၁၀၇၅ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုနှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၁၁၀၀ ကျော် ပုံမှန်တင်ပို့နေပါတယ်။ FOB(ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ  RSS-3   တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့  RSS-5 တစ်တန်ကို ၃၅၀၀-၃၆၀၀ ဒေါ်လာကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W