Main menu

Background

နယ်စပ်မှ ယခုအပတ် ရော်ဘာတန် ၁၁၈၀ ကျော် တင်ပို့နိုင်

Mon, 02/27/2012 - 08:37 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၅၃ သန်းတန်ဖိုးရှိရော်ဘာ၁၁၈၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများမှာ ၈၅၇ တန်ကျော်ကို မူဆယ် (၁၀၅) မိုင်မှ အပို့ရှိခဲ့ပြီး ချင်းရွှေဟော်မှ ၃၂၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3  ၆၆၂ တန်ကျော်၊   MSR-20 ၂၉ တန်ခန့်၊  MSR-50 ၁၆၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၀၄ သန်းတန်ဖိုးရှိ RSS-3  ၃၂၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် RSS-3   ၂၃၈ တန်ကျော်နဲ့  MSR-50       ၄၈ တန်ကျော် မူဆယ်မှအပို့ပိုခဲ့ပြီး ချင်းရွှေဟော် နယ်စပ်မှ ၁၃၆ တန် အပို့ပိုခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေးပေါက် ဈေးများ အနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးများ ပြောင်းလဲမှုမရှိပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်-                                 မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                 ယခု          ယခင်       ပြောင်းလဲမှု    %       ယခု     ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၉၆၈၀၀    ၂၅၈၄၈၀၀       ၁၂၀၀၀    ၀ .၅    ၃၅၇၁    ၃၅၇၁         -            -RSS - 5    ၂၄၇၉၅၃၂    ၂၄၆၇၅၃၂       ၁၂၀၀၀    ၀ .၅    ၃၄၉၂    ၃၄၉၂         -             - MIRT (DOBT)