တရုတ်နိုင်ငံရဲ့ မူဝါဒပြေလျော့သွားမှု၊ ဂရိနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ချေးငွေအာမခံအစီအစဉ်ကြောင့် ရှယ်ယာတွေနဲ့ ရေနံစိမ်းဈေးနှုန်းမြင့်တက်ခဲ့မှုနဲ့ ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာတန်ဖိုး ၆ လအတွင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ တာကြောင့်ဖေဖော်ဝါရီ ၂၀ ရက်က တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ ရော်ဘာဈေးနှုန်းများ ၅ လအတွင်း အမြင့်ဆုံးကို ရောက်ရှိကာ ၃ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်သွားခဲ့ကြောင်း သတင်းရရှိတယ်။ ဇူလိုင်လ သင်္ဘောတင်မယ့် ရော်ဘာက ၂ ဒသမ ၉ ရာခိုင်နှုန်း ဈေးတက်ကာ တစ်ကီလိုဂရမ်ကို ၃၂၇ ဒသမ ၂ ယန်းနဲ့ ချုပ်ဆိုခဲ့တယ်။ တရုတ်နိုင်ငံဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၈ ရက်က အရန်ငွေလိုအပ်ချက်အချိုးကို လျှော့ချခဲ့ကြောင်းနဲ့ ချေးငွေကို ကန်ဒေါ်လာ (၅၅ ဒသမ ၆ ဘီလီယံမှ ၆၃ ဒသမ ၅ ဘီလီယံ) အကြားကို တိုးမြှင့်ခဲ့ကြောင်း သတင်းရရှိတယ်။ ဥရောပမှ ဘဏ္ဍာရေး ဝန်ကြီးတွေက ဂရိအတွက် ယူရိုငွေ (၁၃၀) ဘီလီယံကယ်ဆယ်ရေး အစီအ စဉ်ကိုသဘောတူဖို့ မျှော်လင့်ထားတယ်။ အပြည်ပြည်ဆိုင်ရာ ရော်ဘာဘုတ်အဖွဲ့ဝင်က ဖေဖော်ဝါရီ ၁၄ ရက်က RSS-3 ရော်ဘာဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၀၄၇ ဒသမ ၅၀ မှ ဖေဖော်ဝါရီ ၂၀ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၄၀၉၁ ဒသမ ၅၀ ကိုလည်းကောင်း၊ RSS-5 ရော်ဘာဈေးနှုန်းကလည်း အလားတူကာလမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၀၂၃ ဒသမ ၀၀ မှ တစ်တန်ကို ကန်ဒေါ်လာ ၄၀၆၇ ဒသမ ၀၀ ကိုလည်းကောင်း မြင့်တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source: brecorder.com, /rubberboard.org.in
Background