ဗီယက်နမ် စီးပွားရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲများဖြေရှင်းဖို့ ယခုနှစ် သကြားတန်ချိန် ၁၀၀၀၀၀- ၁၅၀၀၀၀ အတွင်း တင်ပို့ဖို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)မှ တင်ပြထားကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း သကြားစုစုပေါင်း ရောင်းချမှု တန်ချိန် ၁ ဒသမ ၅၇ သန်းခန့်ထိ ရောက်ရှိမယ်လို့ မျှော်မှန်းထားပြီး၊ အဲဒီပမာဏ အနက် တန်ချိန် ၁ ဒသမ ၄ သန်းကို ပြည်တွင်း စားသုံးဖို့ဖြစ်ပြီး၊ တန်ချိန် ၁ သိန်းကို နောက်နှစ်ကြံသီးနှံအတွက် စုဆောင်း ထားကာ တန်ချိန် ၇၀၀၀၀ မှာ ပိုလျှံမှာဖြစ်တယ်လို့ (MARD) ပြောကြားပါတယ်။ ဒါပေမယ့် ပိုလျှံသကြားပမာဏဟာ ဗီယက်နမ်နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေတာကြောင့် တန်ချိန် ၇၀၀၀၀ ကျော်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် သကြားကုန်သွယ်မှု အဆင်ပြေစေဖို့နဲ့ စီးပွားရေး ငွေရင်းငွေနှီးကို အကူအညီဖြစ်စေဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ တန်ချိန် ၁၅၀၀၀၀ ထိ တိုးမြင့်တင်ပို့ဖို့ တောင်းဆိုထား ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ၂၀၁၂ ဇွန်လမှာ တင်သွင်းဈေးကွက်ခွဲတမ်းကာလအတွင်း သကြားကြမ်းတန်ချိန် ၇၁၀၀၀ တင်သွင်းဖို့ နောက်ဆုံးရက် သတ်မှတ်ပေးဖို့နဲ့ ၆ လကျော် စားသုံးဖို့အတွက် တန်ချိန် ၂ သိန်း သိုလှောင်ဖို့လည်း တင်ပြထားကြောင်း သိရပါတယ်။ ယမင်းခင်၊ှSource:
Background