Main menu

Background

တောင်သူအတွက် အာမခံချက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းရရှိလာမယ့် သီးနှံစုံအခြောက်ခံစက်

Mon, 02/27/2012 - 09:27 -- Anonymous (not verified)

              ၂၀၀၇ ခုနှစ်၊ ဂေါ်ဖီထုပ်ပေါ်ချိန် တုန်းက ကလောမြို့နယ်ကို စာရေးသူ တစ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ ထိုစဉ်က ဂေါ်ဖီထုပ်တစ်ထုပ်ကို ၆၀ ကျပ်ဈေး သာရရှိလို့ ထပ်မံစိုက်ထုတ်ရမယ့် သယ် ယူတင်ပို့ခ ၆၀ ကျပ်ကို မကုန်ကျနိုင် တာကြောင့်  စိုက်ခင်းထဲမှာပင် ဒါး ကောက်နဲ့ ရမ်းခြင်း၊ လမ်းဘေးမှာ ခြောက်သည်အထိ ပုံထားခြင်းဆိုတဲ့ ရင် နင့်ဖွယ်မြင်ကွင်းကို  တွေ့ခဲ့ရပါတယ်။ ဒါနဲ့ လှိုင်းတက် စည်သွပ်စက်ရုံကဲ့သို့ အခြောက်ခံစက်မျိုး တည်ဆောက်နိုင် ရင်တော့ ကောင်းမှာပဲလို့ တာဝန်ရှိသူ များကို အကြံပြုခဲ့ဖူးပါတယ်။၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် က ကလောမြို့နယ် ဟဲဟိုးဒေသကို ရောက်တော့ မတ်လ  ပထမပတ် လောက်မှာ စတင်လည်ပတ်နိုင်တော့ မယ့် သီးနှံစုံအခြောက်ခံစက်  တည် ဆောက်ရေးလုပ်ငန်းခွင်မှာ လုပ်ငန်းခွင် တာဝန်ခံ ဦးရဲမြင့်အောင်က ရှင်းပြပါ တယ်။ လာမယ့်ပထမပတ်မှာ လုပ်ငန်း စတင်လည်ပတ်နိုင်ရန်  ကြိုးစားနေ ကြောင်း၊ ကိုရီးယားနည်းပညာ အကူ အညီ ရယူတည်ဆောက်နေပြီး စက်ရုံ လည်ပတ်တာနဲ့   သီးနှံ  ခုနစ်မျိုး အခြောက်ခံပြီး၊  ကိုရီးယား၊  ဂျပန်၊ ထိုင်ဝမ် ဈေးကွက်တင်ပို့မှာဖြစ်ကြောင်း၊  သီးနှံ ခုနစ်မျိုးကတော့ ငရုတ်၊ ကြက် သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မုံလာဥနီ၊ မုံညင်း၊ ဂေါ်ဖီထုပ်ဖြစ်ကြောင်း၊ ထပ် မံပြီး အာလူးသီးနှံ အခြောက်ခံဖို့ကို လည်း နည်းပညာနဲ့ ဈေးကွက်ထပ်မံ ချိတ်ဆက်သွားမှာဖြစ်ကြောင်း၊ စက်ရုံပြီး သွားရင် လုပ်သား ၂၅၀ ထိ အလုပ် အကိုင် အခွင့်အလမ်းရှာဖွေပေးနိုင်မှာ ဖြစ်ကြောင်း၊ ယခုထိ ၁၂၀ ယောက် စတင်ခန့်အပ်ပြီးဖြစ်ကြောင်း၊ ဦးရဲမြင့် အောင်ရဲ့ မိသားစုကလည်း တောင်ကြီး ဇာတိဖြစ်လို့   မိမိဒေသ တိုးတက်ရာ တိုးတက်ကြောင်းကို စေတနာထားပြီး ဆောင်ရွက်နေကြောင်း  ရှင်းပြသွားပါ တယ်။ဖိုးသာအောင်တို့ ရှမ်းပြည်နယ်ဟာ ဖော်ပြပါ သီးနှံများကို ဒေသအသီးသီး ကိုတင်ပို့နေတဲ့ သီးနှံများဖြစ်ပြီး၊ ၎င်းင်းသီး နှံများပေါ်တဲ့ရာသီမှာ နေ့စဉ်တန် ၁၀၀ မှ တန် ၃၀၀ အထက် တင်ပို့နေတာဖြစ် တော့ ဒီစက်ရုံတည်လိုက်လို့ သီးနှံ ဈေးနှုန်း  မြင့်တက်သွားမှာလားဆိုတဲ့ အတွေးနဲ့မေးတော့ စက်ရုံရဲ့ တစ်နေ့ အသုံးအပြုနိုင်တဲ့ ကုန်ကြမ်းက ၁၀ ဘီး ကား ငါးစီး၊ တန် ၅၀ သာရှိပြီး ဈေး ကွက်ပိုလျှံတဲ့သီးနှံကိုသာ အခြောက်ခံ နိုင်ဖို့ တောင်သူနဲ့ အကျိုးတူ၊ မျိုး၊ မြေ သြဇာ၊ စိုက်စရိတ်ပေးပြီး ဆောင်ရွက် သွားနိုင်ဖို့အတွက်  ယခုကတည်းက  သုတေသနစိုက်ခင်းများ စတင်စိုက်ပျိုး နေတာကို တွေ့ခဲ့ရပါတယ်။စက်ရုံတည်ဆောက်ရေး  လုပ် ငန်းခွင်ကထွက်လာတဲ့ နေဝင်ရိုးရီအချိန် နေဝန်းနီနီကို  ကြည့်ရင်းနဲ့ ၁၀ ဧက အကျယ်အဝန်းသာရှိတဲ့  စက်ရုံဝင်း ကလေးက ဝန်ထမ်း ၂၅၀ ကို အာမခံ ချက်ရှိတဲ့ အလုပ်ပေးနိုင်သလို ဧက ထောင်၊ သောင်းကထွက်ရှိ ပိုလျှံလာတဲ့ အထားမခံ၊ အသယ်မခံတဲ့ ကုန်ကြမ်း ဈေးကွက်ကိုလည်း တန်ဖိုးမြှင့် ထုတ် ကုန်အဖြစ် ထုတ်လုပ်ပြီး၊ ဝေးလံတဲ့ နိုင်ငံတကာဈေးကွက်ထိ   တင်ပို့နိုင် တော့မှာဖြစ်တဲ့အတွက်  ဒေသတွင်း စီးပွားရေး  ဖွံ့ဖြိုးတိုးတက်လာသလို နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင် ငွေတွေရရှိလာမယ့် အလားအလာများ မျှော်တွေးရင်း ပီတိကိုမျှဝေခံစားစေဖို့ တင်ပြလိုက်ရပါတယ်။ဖိုးသာအောင်