Main menu

Background

အာလူးသီးနှံ စိုက်စနစ်ပြောင်း၊ မျိုးပြောင်းစိုက်ပျိုးဖို့ လိုအပ်နေ

Mon, 02/27/2012 - 09:27 -- Anonymous (not verified)

            အာလူးသီးနှံကို  ရှမ်းပြည်နယ် တောင်ပိုင်းရှိ ၂၁ မြို့နယ်အနက် ၁၉ မြို့နယ်မှာ  စိုက်ပျိုးပြီး ပင်လောင်း၊ ကလောနဲ့ ပင်းတယမြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မိုး အာလူး၊ စကအာလူးနဲ့ ဆောင်းအာလူး တို့ကို သုံးကြိမ်စိုက်လို့ သုံးကြိမ်ဖော်ပါ တယ်။ မိုးအာလူးကို အဓိကထားစိုက် ပျိုးလို့ စကအာလူးနဲ့ ဆောင်းအာလူးကို ပြည်နယ်စိုက်ဧက လေးသောင်းကျော် နဲ့ စိုက်ပျိုးပါတယ်။၂၀၁၀-၂၀၁၁ ခုနှစ်မှာ ဈေးကွက် ကို ပိဿာ သိန်း ၆၀ ကျော် စီးထွက်ခဲ့ ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှာ  ၃၇ သိန်း သာ စီးထွက်လို့ မနှစ်ကထက် ၃၈ ဒသမ ၃၅ ရာခိုင်နှုန်း လျော့နည်းကျ ဆင်းခဲ့ပါတယ်။ ဤဖြစ် စဉ်လေ့လာရာ ၂၀၁၁-၂၀၁၂ ခုနှစ်စက အာလူးရာသီ ဇွန်၊ ဇူလိုင်လမှာစိုက်ပြီး၊ စက်တင်ဘာ၊ အောက်တိုဘာဖော်တဲ့  စိုက်ပျိုးရာသီ မှာ   နောက်မိုး  ကောင်းတာကြောင့် အာလူးခင်းများ ပျက်စီးမှုရှိခဲ့ပါတယ်။ အာလူးပင်များမှာ ဘက်တီးရီးယားပိုး များကျရောက်လို့ Field  Fungi   စိုက် ခင်းမှိုများ ကျရောက်ကာ ပင်ညှိုးသေ ရောဂါ   ကျရောက်ခြင်းကြောင့် အပင် များပျက်စီးခြင်းနဲ့ အထွက်နှုန်း လျော့ နည်းကျဆင်းခြင်း  ဖြစ်ပေါ်ခဲ့ပါတယ်။  ယခင်နှစ်က  တစ်ဧက ပိဿာ ၄၀၀၀ ထွက်ပြီး၊ ယခုနှစ်မှာ တစ်ဧက ၁၅၀၀ ပိဿာခန့်သာ ထွက်ခဲ့ပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီက အာလူး ဈေး ၅၀၀၊ ၆၀၀ ကျပ်ရှိပြီး ယခုနှစ် ကာလတူမှာ ၆၀၀ ကျပ်၊ ၇၀၀ ကျပ်ဖြစ် လာကြောင်း၊ရာခိုင်နှုန်း အနည်းအကျဉ်း သာ စိုက်ပျိုးသောစကအာလူးစိုက် ပျိုးဖြစ်ထွန်းမှု   နည်းပါးခြင်းကြောင့် အာလူးစီးထွက်မှု  ပမာဏလျော့နည်း ခြင်းနဲ့ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းတို့ ဖြစ် ပါတယ်။ အများဆုံးစိုက်ပျိုးသော မိုး အာလူး မအောင်မြင် မဖြစ်ထွန်းခဲ့ပါက အာလူးဈေး ဒီထက်မက မြင့်မားလာ နိုင်ကြောင်း၊ နိုင်ငံလိုအပ်ချက် ၈၅ ရာ ခိုင်နှုန်းကို ပြည်နယ်က ဖြည့်ဆည်းပေး ထားသဖြင့် အာလူးဈေး  နိမ့်မြင့်ဟာ ပြည်နယ်ရဲ့ အာလူးစိုက်ပျိုးဖြစ်ထွန်းမှု၊ မဖြစ်ထွန်းမှုပေါ်မှာ မူတည်လျက်ရှိနေ ပါတယ်။ အာဟာရ<ကယ်ဝသော၊  မြန်မြန် စိုက်ရလွယ်ကူသော ဈေးသက်သာတဲ့ အာလူးစိုက်ပျိုးမှု တိုးတက်မြင့်မားလာ စေရန် ၂၀၀၈ ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ အာလူးနှစ်  ''08 International year of Potato"  နှစ်သတ်မှတ် လှုံ့ ဆော်ပြီး အာလူးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေရန် ဆောင်ရွက်ခဲ့ကြပါ တယ်။  ဒါကြောင့်  လူသားများအတွက် အရေးပါသော  အာလူးသီးနှံစိုက်ပျိုး ထုတ်လုပ်မှုမြင့်မားလာစေရန် ခေတ်မီ စိုက်စနစ်များ၊ နည်းပညာများ ကျယ် ကျယ်ပြန့်ပြန့်သိရှိလာအောင် ဆောင် ရွက်ခြင်း၊ အထွက်ကောင်း မျိုးကောင်း မျိုးသန့်များဖြင့် အစားထိုး စိုက်ပျိုးစေ ခြင်း၊ တရုတ်မျိုးများဖြစ်သော ဖက်ဘို ရီတာ(Favorita)၊တုံးနို (Tonnoung) စသောမျိုးများ အစားထိုးပြောင်းလဲ  စိုက်ပျိုးလာနိုင်အောင် ဆောင်ရွက်ပေး ရမှာဖြစ်ပါတယ်။ ဒေသမျိုးမှာ တစ်ဧက ပိဿာ ၃၀၀၀၊ ၄၀၀၀ ခန့်ထွက်ပြီး  တရုတ်မျိုးသစ်မှာ တစ်ဧက ၇၀၀၀၊ ၈၀၀၀ ပိဿာထွက်ရှိပါတယ်။ ဤကဲ့သို့   စိုက်စနစ်ပြောင်း၊ မျိုး ပြောင်းစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် စိုက် ပျိုးထုတ်လုပ်သူ ကျေးလက်နေပြည်သူ များ အာလူးသီးနှံ တစ်နှစ်စိုက်ခြင်းဖြင့် အကျိုးအမြတ်များ အချိန်တိုအတွင်း ရရှိခြင်းဖြင့် မိမိတို့ရဲ့လူမှုဘ၀ မပြည့် စုံတဲ့ကွက်လပ်များကို ဖြည့်ဆည်းသွား နိုင်မှာဖြစ်ပါတယ်။ စိုက်စနစ်ပြောင်း၊ မျိုးပြောင်းစနစ်  ပြုပြင်ပြောင်းလဲမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အသွင် ဖြင့်  ကူညီဆောင်ရွက်ပေးနိုင်ခဲ့ရင် မြန်မာ့စားနပ်ရိက္ခာပိုလွန်လို့ ကမ္ဘာ့လူဦး ရေ တိုးတက်လာခြင်းဖြင့် ကမ္ဘာ့စားနပ် ရိက္ခာရှားပါးခြင်းအဖွဲ့ (W.F.O) ရဲ့ လို အပ်ချက်ကွက်လပ်များကို တစ်ထောင့် တစ်နေရာက ဖြည့်ဆည်းပေးသွားနိုင် လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဉာဏ်လင်း