Main menu

Background

မုံရွာဆီထွက်သီးနှံဈေးကွက် နှမ်းထက် မြေပဲအဝယ်သွက်

Mon, 02/27/2012 - 09:30 -- Anonymous (not verified)

                မုံရွာကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ဆီထွက်သီးနှံဈေးကွက်အနေနဲ့ နယ်စုံကမြေပဲနဲ့နှမ်းတွေ အဝင်ပုံမှန်ရှိခဲ့ပြီး နှမ်းဈေးထက်မြေပဲက ဈေးပိုစွာ လာတာ တွေ့ရပါတယ်။ ဒီလထဲမှာဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနှံဈေးကွက်ကို လေ့လာတဲ့အခါ မြေပဲဈေးဟာ မြေပဲဆန်နီ တစ်ပိဿာ ၁၇၀၀ ကျပ်မှ ၂၁၀၀ ကျပ်၊ မြေပဲဆန်ဖြူတစ်ပိဿာ ၁၅၅၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မြေပဲလုံး ဆန် တစ်တင်း ၂၇၀၀၀ ကျပ်မှ ၃၂၅၀၀ ကျပ် အသီးသီးတက်ဈေးကြမ်းခဲ့ပြီး၊ နှမ်းဈေးမှာတော့ နှမ်းညိုတစ်တ၊င်း ၂၀၇၀၀ ကျပ်၊ ၂၁၃၀၀ ကျပ်နဲ့ နှမ်းဝါတစ် တင်း ၂၁၂၀၀ ကျပ်မှ ၂၂၂၀၀ ကျပ်၊ နှမ်းနီ ၂၂၀၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၂၁၀၀၀ ကျပ်၊ ၂၂၅၀၀ ကျပ် အသီးသီးဈေးအနည်းငယ် တက်ခဲ့တာ တွေ့ ရပါတယ်။ စားသုံးဆီဈေးကွက်မှာတော့ စားအုန်းဆီတစ်ပိဿာ ၁၈၇၀ ကျပ်၊ ၁၈၉၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၆၅၀ ကျပ်နဲ့ ဈေးငြိမ်ခဲ့ပေမဲ့ မြေပဲဆီက တော့ တစ်ပိဿာ ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်ထိ မြင့်တက်ခဲ့တာ တွေ့ရပါ တယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ဆီထွက်သီးနှံ ဝယ်လက်အနေနဲ့ နှမ်းမျိုးစုံကို ဒေသခံစက်သမားများ၊ လက်လီသမားများ ပုံမှန်ဆွဲပြီး မန္တလေးဝယ်လက် အနည်းငယ်ရှိခဲ့ကာ မြေပဲကတော့ ဒေသစက်သမားအပြင် လုံးဆန်ကိုတရုတ် ပြည်အတွက် မန္တလေးဝယ်လက်အဆွဲသွက်လို့ အခုလိုတစ်လအတွင်း တစ် တင်း ၅၀၀၀ ကျပ်ဝန်းကျင် တက်ဈေးဖြစ်ပေါ်ခြင်းဖြစ်တယ်လို့ ပွဲရုံနဲ့ကုန်သည် ရပ်ကွက်က ကြားသိရပါတယ်။       ထွန်းလှိုင်