Main menu

Background

တစ်ဖက်နိုင်ငံမှ ဝင်ရောက်သည့် အမည်မသိဆီကြောင့် မန်းဆီစက်သမားများ အခက်တွေ့

Mon, 02/27/2012 - 09:30 -- Anonymous (not verified)

မန္တလေးမြို့ရှိ ဆီစက်လုပ်ငန်းရှင်များမှာ စက်ကြိတ်ခွဲအားကောင်းခဲ့တဲ့ ဆောင်းရာသီမှာပင် စက်လည်နှုန်းကျဆင်းကာ နွေရာသီလို စက်လည်နှုန်း မကောင်းချိန်မှာ လုပ်ငန်းပြောင်းရမယ့် အနေအထားရှိနေကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။"အခါတိုင်း ဆောင်းရာသီဆို လက်မလည်အောင် ဆီကြိတ်ရတယ်။ ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းပဲ စက်လည်အားရှိတယ်။ ဆောင်းရာသီမှာတောင် ဒီလိုဖြစ်နေရင် နွေမှာလုပ်ငန်းပြောင်းရမယ့်အနေအထားရှိတယ်။ စက်တည်ပြီး ဘေးထိုးထားရတဲ့သူတွေအများကြီးပဲ။ ရေရှည်မှာ ဆီကြိတ်ရောင်းတာမျိုးမရှိ ဘဲ ပြည်ပကဆီတွေနဲ့ဘဲ ဈေးကွက်ထဲ အရောင်းအဝယ်ရှိနေမယ့်သဘောပဲ။ ဒါကြောင့် ပြည်ပကဝင်လာတဲ့ဆီတွေကိုယှဉ်နိုင်အောင် ဆီစက်လုပ်ငန်းရှင် တွေ စုစည်းညီညွတ်သင့်တယ်။ ဆီဈေးကွက်က တရုတ်မှဝင်လာတဲ့ အမည် မသိ ဆီများကြောင့် စက်လည်အားကျလာတာ။ စားသုံးတဲ့သူတွေက ဆီခဲရင် မကောင်းဘူး။ မခဲရင် ကောင်းတယ်လို့သတ်မှတ်ပြီး ဝယ်ယူစားသုံးနေကြ တယ်။ တရုတ်ကဝင်တဲ့ဆီက ဘယ်လောက်အေးအေးမခဲဘဲ ပဲဆီအနံ့ထည့် လိုက်ရင် တစ်ပိဿာကျပ် ၃၀၀၀ လောက်နဲ့ရောင်းလို့ရတယ်။ လဆန်းပိုင်းက တရုတ်ဆီဝင်တာနည်းပြီး အခုရက်ပိုင်းမှာ ဈေးကွက်ထဲပြန်ဝင်နေတာ တွေ့ တယ်"လို့ ယုန်မင်းဆီစက်မှ ကိုသက်ထွန်းက ပြောပါတယ်။ မန္တလေးဈေးကွက်မှာ ပဲဆီဈေးတစ်ပိဿာ ၃၃၀၀ ကျပ်၊ နှမ်းဆီ ၂၅၅၀ ကျပ်၊ ၂၆၀၀ ကျပ်၊ စားအုန်းဆီ ၁၈၆၀ ကျပ်၊ ၁၈၇၀ ကျပ်ဈေးရှိကာ၊ တရုတ် နိုင်ငံမှ အမည်မသိဝင်ရောက်တဲ့ဆီဈေးမှာ တစ်ပိဿာ ၂၄၅၀ ကျပ် ၂၅၀၀ ကျပ်ရှိကြောင်း သိရပါတယ်။                                   ဇူးဇူး