မန္တလေး-လားရှိုး ကုန်စည်ပို့ဆောင်မှုများ၍ ကားမလောက်င

လတ်တလောမှာ မန္တလေး-လားရှိုး ကို ကုန်စည်စီးဆင်းမှု  များနေခြင်း ကြောင့် ကားမလောက်ငလို့ ရောက်ပြန် အတက်အဆင်း ပြုလုပ်နေရကြောင်း သိရပါတယ်။"လားရှိုးလမ်းပိုင်းက ၆ ဘီးယာဉ်နဲ့ အာတီစီကားမျိုးနဲ့ အဓိက သွားနေ တယ်။ တရုတ်နှစ်သစ်ကူးနောက်ပိုင်း မှာ နေ့စဉ်သွားနေရလို့ ကားတောင်မ လောက်ငဘူး။ အခါတိုင်းဆို ခေါက်တို မသွားရဘူး။ ဒီရက်ပိုင်းမှာ နှစ်ရက် တစ်ခေါက် ထွက်နေရတယ်။ ကုန်များ တဲ့အတွက် အတက်အဆင်းများနေလို့ ကားရောက်ပြီဆိုတာနဲ့ ပြန်ထွက်ပဲ။ အရင်လို ကုန်စောင့်နေစရာမလိုဘူး" လို့ လားရှိုး၊ မန္တလေး ကုန်တင်ယာဉ်များ မောင်းနှင်သူ  ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။မန္တလေးမှလားရှိုးကို ဆန်၊ သကြား၊ လူသုံးကုန်နဲ့  စားသောက်ကုန်ပစ္စည်း များ တင်ဆောင်လျက်ရှိပြီး၊ ကုန်များ ခြင်းကြောင့် ကုန်တန်ဆာခနှုန်း တက် နေကြောင်းသိရပါတယ်။ ယခုလပထမ ပတ်က ဆန်တစ်အိတ်ကို ကျပ် ၉၀၀ ၊ ကျပ် ၁၀၀၀ နှုန်းဝန်းကျင်ရှိရာမှ ယခု တစ်ပတ်မှာ ဆန်တစ်အိတ်ကို ကျပ် ၁၆၀၀ ရှိပြီး၊ သကြား ၅၀ ကီလိုပါ တစ်အိတ်ကို ကျပ် ၁၇၀၀ မြင့်တက်လာ ပါတယ်။ အဆင်းပိုင်းမှာ စီပီပြောင်းနဲ့ ကျောက်မီးသွေးများ အဆင်းများလျက် ရှိပါတယ်။ အဆင်းပိုင်း၌ မူဆယ်ကား များ ခါလီ(ကုန်မပါ)ဆင်းပြီး လားရှိုးမှာ တင်ဆောင်နေခြင်းကြောင့်  ကားများ လို့ ကျောက်မီးသွေးတင်ဆောင်ခဈေး ကျ ဆင်းလာပါတယ်။  ကျောက်မီးသွေး တစ်တန်ကို ယခင်တစ်ပတ်က ကျပ် ၂၇၂၀၀ ရှိရာမှ ယခုတစ်ပတ်မှာ ကျပ်  ၂၃၅၀၀ ထိ ကျဆင်းလာကြောင်း သိရ ပါတယ်။                     ဇူးဇူး