မန္တလေးကုန်စည်ဒိုင်ကို တစ်နှစ် ထက်တစ်နှစ် ကုန်အဝင်နည်းလာပြီး၊ ယခုနှစ်မှာ ကုန်ဝင်ရောက်မှုမှာ ၆၀ ရာခိုင်နှုန်းနီးပါး ကုန်အဝင်ကျဆင်း လာကြောင်း သိရပါတယ်။မန္တလေးမြို့ ပွဲစားကုန်သည် စက် ပိုင်များ ကထိန်တော်အသင်းမှ တာဝန် ရှိသူတစ်ဦးက "ကုန်စည်ဒိုင်ကို ပစ္စည်း ဝင်ရောက်နှုန်းက တဖြည်းဖြည်းဆုတ် ယုတ်လာတယ်။ အရင်ကဆို မြင်းမူ၊ မုံရွာ၊ ကူမဲ၊ သဲတောဘက်ကပါ ကုန်ဝင် ရောက်ခဲ့တယ်။ ဒီဘက်နှစ်တွေမှာ မြင်းမူနယ်အနီးတစ်ဝိုက်က မြင်းမူဒိုင်မှာ ပဲရောင်းတော့တယ်။ မန္တလေး တက် မလာတော့ဘူး။ တံတားဦး၊ စစ်ကိုင်း ဘက်ကပဲ အဝင်ရှိတော့တယ်။ ရန်ကုန်- မန္တလေးလမ်းပိုင်း အနီးကလည်း ကျောက်ဆည်ဒီဘက်ခြမ်းပဲ အဝင်ရှိ တယ်။ ကျောက်ဆည် ဟိုဘက်ပိုင်းက မန္တလေးဒိုင်ကို မဝင်တော့ဘူး။ ပစ္စည်း ထွက်တဲ့နေရာမှာတင်ဝယ်ပြီး တိုက်ရိုက် တင်ရောင်းကြတော့တယ်။ ကားခဈေး တက်ပြီး၊ ကုန်ပစ္စည်းဈေးနှုန်းကလည်း တစ်နေရာနဲ့ တစ်နေရာ ဈေးတူနေ တယ်။ မတူတောင် ဈေးကွာဟမှုမများ ဘူးဆိုတော့ ကားခအကုန်ခံပြီး၊ ပစ္စည်း မတင်တော့ဘဲ နေရာမှာတင် ရောင်းချ ကြတော့တယ်။ အရင်တုန်းက မန္တလေး သယ်ပြီးမှ ရောင်းချကြတာ။ အခုလို တိုက်ရိုက်ရောင်းချနေတာ တွင်တွင် ကျယ်ကျယ်ဖြစ်လာတာတော့ ၃ နှစ်ဝန်း ကျင်ရှိပြီ။ နောက်ပိုင်းမှာ ကုန်သည်က ထိုင်ဝယ်နေလို့မရတော့ဘူး၊ ပစ္စည်း ထွက်တဲ့နေရာထိ ဆင်းဝယ်မှရတော့ မယ်"လို့ ပြောပါတယ်။ယခုတစ်ပတ်မှာ တရုတ်နိုင်ငံဘက် မှ ပုံမှန်အဆွဲရှိတဲ့ ပဲတီစိမ်း၊မြေပဲလုံးဆန်၊ နှမ်းဖြူ၊ နှမ်းနက်ဈေးကျဆင်းပြီး၊ အဆွဲ နည်းနေခြင်းကြောင့် ဈေးကွက်အေးနေ ကြောင်း သိရပါတယ်။ ရန်ကုန်ဘက်မှ အဆွဲရှိတဲ့ ပဲစင်းငုံနဲ့ ကုလားပဲ V2 ဈေး ကွက်မှာ ယခင်တစ်ပတ်က အရောင်း အဝယ်သွက်နေရာမှ ယခုတစ်ပတ်မှာ ပြန်အေးနေကြောင်း သိရပါတယ်။ မြေ ထောက်ပဲကို အိန္ဒိယဘက်မှ အဆွဲရှိလို့ အရောင်းသွက်ပြီး ဈေးနှုန်းပုံမှန်သာ ရှိကြောင်း သိရပါတယ်။ မြေထောက်ပဲ ၃ တင်း ဝင်တစ်အိတ်ကို ကျပ် ၅၅၀၀၀၊ ပဲတီစိမ်း(ရွှေဝါ) တစ်အိတ်ကို ကျပ် ၅၈၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ရှိပြီး၊ မြေပဲလုံးဆန် တစ်ပိဿာဈေးမှာ ဂျပန် လုံးဆန်ကျပ် ၂၀၅၀ ကျပ်၊ အနီဆန် ၁၉၅၀ ကျပ်၊ S1 လုံးဆန် ၂၀၀၀ ကျပ်ရှိ ပြီး၊ ပဲစင်းငုံ တစ်အိတ်ကို ၄၅၀၀၀ ကျပ်၊ ကုလားပဲ V2 တစ်အိတ် ကျပ် ၅၂၀၀၀ ဈေးရှိကြောင်း သိရပါတယ်။ကုန်တင်ပို့ရာမှာ ကုန်တင်ခနှုန်း မြင့်တက်လာခြင်းကြောင့် ကုန်သယ်ယူ ရာ၌ တောင်သူအတွက် အခက်အခဲရှိ ကြောင်း၊ ကုန်တင်တဲ့ ဘက်ကလည်း တွက်ခြေကိုက်မှ ထွက်ရှိမှာဖြစ်ပြီး၊ ကုန် သည်ဘက်မှလည်း အနာမခံဘဲ ဈေး လျှော့ပြီး ကားခနုတ်ဝယ်ယူခြင်းကြောင့် တောင်သူနဲ့ စားသုံးသူတို့သာ တိုက်ရိုက် ကြုံတွေ့ရကြောင်း၊ ကားခဈေးနှုန်း ကျဆင်းမှသာ အဆင်ပြေနိုင်မှာဖြစ် ကြောင်း၊ မြောင်နဲ့ မန္တလေးလမ်းပိုင်းမှာ ပဲတစ်အိတ်ကို ကျပ် ၈၀၀ ပေးပြီး၊ တင် ဆောင်နေရကြောင်း တန်ဖိုးမသတ်မှတ် မီနဲ့ တန်ဖိုးသတ်မှတ်ပြီးချိန်မှစပြီး ကုန် တင်ခနှုန်းကွာဟမှု များနေကြောင်း သိရပါတယ်။ ဇူးဇူး
Background